Saturday, September 13, 2008

အမျိုးသမီးများနှင့် နက်ကတိုင်ချည်နည်း

သည်လို နက်ကတိုင်ချည်နည်းဟာ ကျွန်မတို့မြန်မာအမျိုးသမီးများအနေနဲ့ သိပ်ပြီး ရင်းနှီးကျွမ်းဝင်ရှိလှမယ်မထင်ဘူးနော်။ တခါတုန်းက ကျွန်မ စင်္ကာပူအိုင်စီအေရုံးကို သွားတုန်းကပေါ့ မြန်မာအဒေါ်ကြီးတယောက်က ရေးကြီးသုတ်ပြာလာပြီး သမီး နက်ကတိုင်ချည်တတ်လား။ အဒေါ်သားလေးနဲ့ အဒေါ်က နက်ကတိုင်မချည်တတ်လို့ပါတဲ့ အကူအညီလာတောင်းတော့ ကူတော့ကူညီချင်ပါတယ်။ သမီးလည်း ချည်တတ်ဘူး။ တကယ်တော့ ကျွန်မဆို လူလတ်ပိုင်းတောင်ဝင်လာပြီ နည်းနည်းတော့ သိသင့်တယ်လို့ ကိုယ့်ဘာသာ ကိုယ့်ကိုကိုယ့် အထင်သေးလိုက်မိတယ်။ အဲသည်ကပြန်လာတော့ မောင်ဂူဂဲလ် အကူအညီနဲ့ ရှာဖွေပြီး လေ့လာပြီး စမ်းသပ်ချည်တာတော့ အိုကေနေတာပဲ။ တကယ်ပွဲလမ်းအတွက်တော့ သိပ်ပြီး မချည်တတ်သေးဘူးရှင့်။ ကျွန်မကို မောင်ဂူဂဲလ်ပေးလာတဲ့ အထဲမှာ အကြိုက်ဆုံးက နက်ကတိုင်ချည်နည်းကတော့ ဗီဒီယိုတွေပါပဲ။ အဲဒီထဲက အလွယ်ဆုံးကို ရွေးပြီး ရှယ်လိုက်တာပါ။


How To Tie A Tie - Half Windsor Knot

0 comments:

ကျွန်မ သိပ်ပြီး ဘလော့ မရေးတတ်ပါဘူး။ ရေးလည်း မရေးဖူးပါဘူး။ အကြောင်းအရာတွေက သိပ်မကောင်းပေ့မယ့် အားလုံးကို ဗဟုသုတရစေမဲ့ အကြောင်းအရာလေးတွေ ဖြစ်အောင် ရေးသားသွားဖို့ စိတ်ကူး၊ ကိုယ့်ရဲ့နေ့လေးတွေကို မှတ်တမ်းလည်း တင်ချင်တဲ့ စိတ်ကူးလေးလည်းပါပါတယ်။
 

blogger templates | Make Money Online