Wednesday, October 22, 2008

ဘလော့ပိုစ်များကို Read more ထည့်ပြီး ချုံခြင်း။

ကျွန်မရဲ့ဘလော့မှာ သူများဘလော့တွေလို Read more လေးထည့်လို့ ရရင်ကောင်းမယ်လို့ စိတ်ကူးပေါ်မိတယ်။ ဘာလို့လဲဆိုတော့ အရမ်းရှည်သွားတဲ့ ဘလော့ရဲ့ ပိုစ်တွေဆို ဘလော့ရဲ့ ပထမစာမျက်နှာမှာ သည်အကြောင်းအရာတစ်ခုတည်းနေရာယူနေတော့ ကျွန်မလည်း သည်စိတ်ကူးလေးပေါ်မိတယ်။ ကျွန်မ မြန်မာလို ဘာသာပြန်ထားတာပါ။ ကျွန်မလည်း မောင်ဂူဂဲလ်ကို အားကိုးပြီး ရှာဖွေပြီး စမ်းသပ်တော့ အဆင်ပြေသွားတာပါ။ ဒါပေမယ့် နည်းနည်းတော့ လိုနေသေးတယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းလည်း စိတ်ဝင်စားရင် စမ်းသပ်ကြည့်လိုရတာပေါ့။

ပထမအဆင့်။ ။ သူငယ်ချင်းရဲ့ ဘလော့ကို username and password ထည့်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ ဘလော့ကိုရွေးပြီး Layout -> Edit HTML ကို အရင်ဆုံးသွားလိုက်ပါ။ ပြီးရင် ကိုယ့်ဘာသာ အရင် safe ယူထားတဲ့အနေနဲ့ လက်ရှိ ဘလော့ template ကို Download လုပ်ပြီး အရင်သိမ်းထားလိုက်ပါ။ ပြီးရင် သည် လေး နှစ်ခုကို ရှာကြည့်လိုက်ပါ။


အဲသည်ဟာကတော့ အောက်မှာပြထားတဲ့ tags ပါ။ ကျွန်မဘလော့မှာတော့ အဲသည်စာသားအတိုင်း ကိုတွေ့ပါတယ်။ အဲသည်ရဲ့ အနောက်မှာ သည်အောက်က တွေကို အောက်ဆုံးမှာပါတဲ့ ကျွန်မ Reference လုပ်ထားတဲ့ ဆိုဒ်မှာ ကော်ပီလုပ်မယ်။ ပြီးရင် ပေစ့်လုပ်ပါ။ ကွန်ပျူတာဝဘ်အပိုင်းလည်းမကျွမ်း အင်္ဂလိပ်လိုလည်း မဖတ်ချင်ရင် ကျွန်မပိုစ်ကို ဖတ်ပြီး လိုက်လုပ်ကြည့်ကြည်လိုက်ပါ။



နောက်ပြီး အောက်ဖော်ပြထားတဲ့အတိုင်း post.body နောက်မှာ တွေကို ရိုက်ထည့်ပေးပါ။



နောက်ဆုံး သူရဲ့ စာပိုဒ်ပုံစံက အောက်ပါအတိုင်းဖြစ်ရပါမယ်။ တွေရေးတဲ့အခါမှာ သတိထားဖို့အရေးကြီးပါတယ်။ မှားယွင်းသွားမယ်ဆိုရင် ဘလော့ကို သိမ်းလို့မရပါဘူး။ အနီရောင်ပြနေပါလိမ့်မယ်။



ဒုတိယအဆင့်။ ။ သည်အဆင့်မှာတော့ ကိုယ့်ဘလော့ပိုစ်တွေကို Default အနေနဲ့ Read More template ပုံစံလေးထည့်ပေးတဲ့ အပိုင်းပါ။ Tag Menu ဖြစ်တဲ့ Setting -> Formatting ကိုသွားလိုက်ပါ။ အဲသည်မှာ Post Template ဆိုတဲ့ စာလေးကို လိုက်ရှာပါ။ အဲသည် နေရာကို ရောက်ပြီဆို အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။ အဲဒါကတော့ နောက်ပိုင်း ကိုယ့် ပိုစ့်အသစ်ရေးမယ်ဆိုတိုင်း သူက အမြဲအဲသည်ပုံစံကို ပေးထားမယ်ဆိုပြီး ပုံစံထားတာပါ။



တတိယအဆင့်။ ။ ဘလော့မှာ Read More လေးထည့်ပြီး ပိုစ့် အသစ်တင်ကြည့်လို့ရပါပြီ။ အောက်မှာ နမူနာပုံစံရှိပါတယ်။ ကြည့်လိုက်ပါ။



အထက်ပုံစံအတိုင်း ပိုစ့်တင်လိုက်မယ်ဆိုရင် သည်လို ထွက်လာပါလိမ့်မယ်။



အဆင်ပြေရဲ့ လား။ ကျွန်မက သည်ဆိုဒ်ကို Reference လုပ်ြပီး ဘာသာပြန်ထားတာပါ။ သူရဲ့မကောင်းတဲ့အချက်က ကိုယ့်က Read More မတည့်ဘူ။ ဥပမာ ကိုယ့်ပိုစ်က တိုနေတယ်။ Read More မလိုဘူး။ ကိုယ်လည်း သူရဲ့ class ကို မသုံးထားပဲနဲ့ Read More ပိုစ့်တိုင်းမှာ ပေါ်နေပါတယ်။ သည်စာကို မတော်တဆဖတ်မိပြီး သိရင်လည်း ပြောပါအုန်းနော်။

1 comment:

Unknown said...

ကောင်းပါတယ် မမကြီး ရဲ့ ပညာပေးအစီအစဉ်လေးက၊ ဒါပေမယ့် မရှင်းဘူး လိုက်လုပ်လို့မရဘူး။ အဝါရောင်းကိုလိုက်ရေးရမှာလား
head
head
ဘယ်အပိုင်းမှာရေးရမှာလဲ။ဘလော့ကတခုနဲ့
တခုမတူလို့ထင်းတယ်နော်

body
body
ကျွန်တော်က ဘောဒီအပိုင်မှာလိုက်ရေးစမ်းကြည်တယ် ပြသနာတက်သွာတယ်။ ဟဲဟဲ Clear Edit လုပ်လုပ်ရပါတယ်
ပြီးတော့ကော်ပီးနဲ့ ပေးလုပ်ဖိုကဓာတ်ပုံကြီးဗျာ

ကျွန်မ သိပ်ပြီး ဘလော့ မရေးတတ်ပါဘူး။ ရေးလည်း မရေးဖူးပါဘူး။ အကြောင်းအရာတွေက သိပ်မကောင်းပေ့မယ့် အားလုံးကို ဗဟုသုတရစေမဲ့ အကြောင်းအရာလေးတွေ ဖြစ်အောင် ရေးသားသွားဖို့ စိတ်ကူး၊ ကိုယ့်ရဲ့နေ့လေးတွေကို မှတ်တမ်းလည်း တင်ချင်တဲ့ စိတ်ကူးလေးလည်းပါပါတယ်။
 

blogger templates | Make Money Online