Tuesday, October 28, 2008

မိမိ URL ဘေးနားတွင် Image ထည့်ခြင်း

ကိုယ့် URL လေးဘေးနားမှာ ပုံအောက်ပါအတိုင်း ထည့်ချင်ရင် သည်လိုလေး လိုက်လုပ်ကြည့်လိုက်ပါ။




ကိုယ့်ရဲ့ ဘလော့ကို login အရင်ဝင်လိုက်ပါ။ ပြီးရင် Layout ရဲ့ Edit Html ကို သွားလိုက်ပါ။ ကိုယ့်ပေါ်ချင်တဲ့ပုံလေးကိုတော့ တနေရာရာမှာ အရင်တင်လိုက်ပါ။ ဥပမာ- google pages ဖြစ်ဖြစ်ပေါ့။ ပြီးရင် အောက်ကအတိုင်း မိမိတင်ထားတဲ့ URL အမည်လေးကို ပြောင်းပေးပါ။ HTML ရဲ့ Title Tag လေးနောက်မှာ အောက်ဖော်ပြပါအတိုင်း ရိုက်ထည့်ပေးပါ။ ပြိး Save Template လုပ်ပါ။ နောက် View Blog ကနေသါားကြည့်လိုက်ပါ။ သင် URL လေးဘေးမှာ Image လေးကို တွေ့ရမှာပါ။



ဘလော့ကို ကလိခြင်းဖြင့် ပျှော်ရျွင်နိုင်ပါစေ။


Read more...

Friday, October 24, 2008

အရမ်းကောင်းတယ်လို့ ခံစားမိတဲ့ သီချင်းလေး

သီချင်းလေးထဲမှာ ကောင်လေးနဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ယောက်ခွဲခွာရလို့ ခံစားရတဲ့ သီချင်းလေးပါ။ ကျွန်မတော့ အရမ်းကြိုက်တယ်။ ချစ်တဲ့ သူတိုင်း ပေါင်းဖက်နိုင်ကြပါစေ။ သီချင်းလေး နာမည်က Droplets တဲ့။ အဆိုတော် Colbie Caillat နဲ့ Jason Reeves တို့ ဆိုထားတာပါ။



သီချင်းစာသားလေးပါ ကူးပေးထားတယ်နော်။ နားထောင်ကြည့်။ ကောင်းတယ်နော်။


Song - Droplets

I'm leaving you
I'm not sure if that’s what I should do
It hurts so bad
I'm wanting you but cant go back
Trying to find, to find
That all elusive piece of mind
Stuck here somehow
Shrouded beneath my fear
And now I don’t need it

Cuz I'm walkin down this road alone and figured all I'm thinking bout is you, is you my love
And my head is in a cloud of rain and the world it seems so far away and I'm just waiting for
The droplets, droplets

You left a mark
I wear it proudly on my chest
Above my heart Above my heart
To Remind me that I feel the best
When I'm with you When I'm with you
To me everything is effortless
You know its true
My eyes are painted with regret and I don’t need it

Cuz I'm walkin down this road alone and figured all I'm thinking bout is you, is you my love
And my head is in a cloud of rain and the world it seems so far away and I'm just waiting to fall and sink into your tears

You are like the raindrops, the raindrops falling down on me

You left a mark you left a mark
She left a mark he left
She left he left
And I don’t I don’t
Need it. Need it




Read more...

Wednesday, October 22, 2008

ဘလော့ပိုစ်များကို Read more ထည့်ပြီး ချုံခြင်း။

ကျွန်မရဲ့ဘလော့မှာ သူများဘလော့တွေလို Read more လေးထည့်လို့ ရရင်ကောင်းမယ်လို့ စိတ်ကူးပေါ်မိတယ်။ ဘာလို့လဲဆိုတော့ အရမ်းရှည်သွားတဲ့ ဘလော့ရဲ့ ပိုစ်တွေဆို ဘလော့ရဲ့ ပထမစာမျက်နှာမှာ သည်အကြောင်းအရာတစ်ခုတည်းနေရာယူနေတော့ ကျွန်မလည်း သည်စိတ်ကူးလေးပေါ်မိတယ်။ ကျွန်မ မြန်မာလို ဘာသာပြန်ထားတာပါ။ ကျွန်မလည်း မောင်ဂူဂဲလ်ကို အားကိုးပြီး ရှာဖွေပြီး စမ်းသပ်တော့ အဆင်ပြေသွားတာပါ။ ဒါပေမယ့် နည်းနည်းတော့ လိုနေသေးတယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းလည်း စိတ်ဝင်စားရင် စမ်းသပ်ကြည့်လိုရတာပေါ့။

ပထမအဆင့်။ ။ သူငယ်ချင်းရဲ့ ဘလော့ကို username and password ထည့်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ ဘလော့ကိုရွေးပြီး Layout -> Edit HTML ကို အရင်ဆုံးသွားလိုက်ပါ။ ပြီးရင် ကိုယ့်ဘာသာ အရင် safe ယူထားတဲ့အနေနဲ့ လက်ရှိ ဘလော့ template ကို Download လုပ်ပြီး အရင်သိမ်းထားလိုက်ပါ။ ပြီးရင် သည် လေး နှစ်ခုကို ရှာကြည့်လိုက်ပါ။


အဲသည်ဟာကတော့ အောက်မှာပြထားတဲ့ tags ပါ။ ကျွန်မဘလော့မှာတော့ အဲသည်စာသားအတိုင်း ကိုတွေ့ပါတယ်။ အဲသည်ရဲ့ အနောက်မှာ သည်အောက်က တွေကို အောက်ဆုံးမှာပါတဲ့ ကျွန်မ Reference လုပ်ထားတဲ့ ဆိုဒ်မှာ ကော်ပီလုပ်မယ်။ ပြီးရင် ပေစ့်လုပ်ပါ။ ကွန်ပျူတာဝဘ်အပိုင်းလည်းမကျွမ်း အင်္ဂလိပ်လိုလည်း မဖတ်ချင်ရင် ကျွန်မပိုစ်ကို ဖတ်ပြီး လိုက်လုပ်ကြည့်ကြည်လိုက်ပါ။



နောက်ပြီး အောက်ဖော်ပြထားတဲ့အတိုင်း post.body နောက်မှာ တွေကို ရိုက်ထည့်ပေးပါ။



နောက်ဆုံး သူရဲ့ စာပိုဒ်ပုံစံက အောက်ပါအတိုင်းဖြစ်ရပါမယ်။ တွေရေးတဲ့အခါမှာ သတိထားဖို့အရေးကြီးပါတယ်။ မှားယွင်းသွားမယ်ဆိုရင် ဘလော့ကို သိမ်းလို့မရပါဘူး။ အနီရောင်ပြနေပါလိမ့်မယ်။



ဒုတိယအဆင့်။ ။ သည်အဆင့်မှာတော့ ကိုယ့်ဘလော့ပိုစ်တွေကို Default အနေနဲ့ Read More template ပုံစံလေးထည့်ပေးတဲ့ အပိုင်းပါ။ Tag Menu ဖြစ်တဲ့ Setting -> Formatting ကိုသွားလိုက်ပါ။ အဲသည်မှာ Post Template ဆိုတဲ့ စာလေးကို လိုက်ရှာပါ။ အဲသည် နေရာကို ရောက်ပြီဆို အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။ အဲဒါကတော့ နောက်ပိုင်း ကိုယ့် ပိုစ့်အသစ်ရေးမယ်ဆိုတိုင်း သူက အမြဲအဲသည်ပုံစံကို ပေးထားမယ်ဆိုပြီး ပုံစံထားတာပါ။



တတိယအဆင့်။ ။ ဘလော့မှာ Read More လေးထည့်ပြီး ပိုစ့် အသစ်တင်ကြည့်လို့ရပါပြီ။ အောက်မှာ နမူနာပုံစံရှိပါတယ်။ ကြည့်လိုက်ပါ။



အထက်ပုံစံအတိုင်း ပိုစ့်တင်လိုက်မယ်ဆိုရင် သည်လို ထွက်လာပါလိမ့်မယ်။



အဆင်ပြေရဲ့ လား။ ကျွန်မက သည်ဆိုဒ်ကို Reference လုပ်ြပီး ဘာသာပြန်ထားတာပါ။ သူရဲ့မကောင်းတဲ့အချက်က ကိုယ့်က Read More မတည့်ဘူ။ ဥပမာ ကိုယ့်ပိုစ်က တိုနေတယ်။ Read More မလိုဘူး။ ကိုယ်လည်း သူရဲ့ class ကို မသုံးထားပဲနဲ့ Read More ပိုစ့်တိုင်းမှာ ပေါ်နေပါတယ်။ သည်စာကို မတော်တဆဖတ်မိပြီး သိရင်လည်း ပြောပါအုန်းနော်။

Read more...

Tuesday, October 21, 2008

ပေါ့ပေါ့ ပါးပါး ရယ်စရာ

တနေ့ လူငယ်ကလေးများဟာ သူတို့ကျောင်းရဲ့လေ့လာရေး ခရီးတခုအနေနဲ့ ဒေသမှာရှိတဲ့ ရဲစခန်းတစ်ခုကို သွားရောက်ရတယ်။
အဲသည်လေ့လာရေးကွင်းဆင်းထဲက အငယ်ဆုံး သူငယ်လေးက ရဲသားကြီးကို မေးသတဲ့။
ဦးလေး ရဲကြီးခင်ဗျာ သည်နံရံမှာ ကပ်ထားတဲ့ လူတွေက တကယ့်ကို အလိုရှိတဲ့ လူဆိုးကြီးတွေ့ ရဲ့ ဓာတ်ပုံလားခင်ဗျာလို့ မေးသတဲ့။
ရဲသားကြီး … ဟုတ်ပါ့ ငါ့တူလေးရ။ တကယ့်ကို ဦးဦးတို့ ရဲစခန်းက အလိုရှိနေတဲ့ လူတွေကွ။
အဲသည်အခါမှာ လူငယ်တစ်ယောက်က ရုတ်တရက် ၀င်မေးလိုက်တာပေါ့။
လူငယ်… အဲဒါဆို ဦးလေးအဲသည်လူတွေကို ဓာတ်ပုံရိုက်တုန်းက ဘာလို့ မဖမ်းထားတာတုန်းတဲ့။

း-) ဟုတ်ပ။
Read more...

သူတို့အဖွဲ့နှင့် အတူ Southern Ridges သို့ လမ်းလျောက်သော နေ့

ကျွန်မနဲ့သူ မနက် (၆)နာရီလောက်ခန့် စောစောထ ကော်ဖီလေး ဘာလေးသောက်ပြီး အိမ်က စထွက်ခဲ့ကြတယ်။ နောက်တော့ ရထားစီးပြီး Habourfront MRT မှာ သူတို့ လူစုကြပြီး၊ စုရပ်ကနေ မနက် ၈း၃၀ လောက် သူတို့ စီစဉ်ထားတဲ့ ကားစီးပြီး ထွက်လာခဲ့ ကြပါတယ်။ လမ်းစလျောက်တဲ့ နေရာကတော့ Southern Ridges ပါ။ သူတို့ အစီအစဉ်အရ Southern Ridges ရဲ့ Alexender Arch ကနေပြီး စထွက်တာပါ။







ပြီးတော့ Henderson Waves ကို အဖွဲ့ ဆက်လျောက်ကြတယ်။





ပျော်စရာတော့ အရမ်းကောင်းပါတယ်။ လူတွေ အသီးသီး လမ်းလျောက်တဲ့လူ ၊ ပြေးတဲ့လူပေါ့။

ကျွန်မကတော့ မောလိုက် ရေသောက်လိုက် မုန့်စားလိုက်။ သူကြီးကို complain တတ်လိုက်၊ ရေသောက်ချင်တယ်။ မုန့်စားချင်တယ်။ လက်ထက်ပြီးစဆိုတော့ သူကြီးက အလိုလိုက်ရှာပါတယ်။

ပြီးတော့ Faber Mt ကို ဆက်တတ်ကြတယ်။

နောက်တဖြည်းဖြည်းနဲ့ Forest Walk ကို လျောက်တယ်။ အဲသည်မှာ လှေကားအဆင်းတွေများတယ်။ ဒူးတွေကို ညောင်းနေတာပဲ။ နောက်တော့ Habourfront MRT ကိုရောက်တော့ အဖွဲ့တွေက ဗိုက်ဆာတယ်ဆိုပြီး ရုံးစရိတ်နဲ့ ၀ါးတီးဖွင့်ကြတယ်။ Singapore မှာကတော့ တပတ် တပတ်အကုန်မြန်သလိုပဲ။ ရက်တပတ်ရဲ့ နေ့တနေ့မှာ အဖွဲ့လိုက်စုပြီးလမ်းလျောက်ကြတော့ ပျော်စရာတော့ ကောင်းပါတယ်။ သူငယ်ချင်းတွေစုပြီး သွားသင့်တဲ့နေရာလေးပါ။ စရိတ်လည်းမကုန် သိပ်လည်း အပန်းမကြီးလှပါဘူး။ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ သည်မှာက စုစည်းထားတဲ့ ဓာတ်ပုံလေးတွေပါ။




Read more...
ကျွန်မ သိပ်ပြီး ဘလော့ မရေးတတ်ပါဘူး။ ရေးလည်း မရေးဖူးပါဘူး။ အကြောင်းအရာတွေက သိပ်မကောင်းပေ့မယ့် အားလုံးကို ဗဟုသုတရစေမဲ့ အကြောင်းအရာလေးတွေ ဖြစ်အောင် ရေးသားသွားဖို့ စိတ်ကူး၊ ကိုယ့်ရဲ့နေ့လေးတွေကို မှတ်တမ်းလည်း တင်ချင်တဲ့ စိတ်ကူးလေးလည်းပါပါတယ်။
 

blogger templates | Make Money Online