Tuesday, October 28, 2008

မိမိ URL ဘေးနားတွင် Image ထည့်ခြင်း

ကိုယ့် URL လေးဘေးနားမှာ ပုံအောက်ပါအတိုင်း ထည့်ချင်ရင် သည်လိုလေး လိုက်လုပ်ကြည့်လိုက်ပါ။




ကိုယ့်ရဲ့ ဘလော့ကို login အရင်ဝင်လိုက်ပါ။ ပြီးရင် Layout ရဲ့ Edit Html ကို သွားလိုက်ပါ။ ကိုယ့်ပေါ်ချင်တဲ့ပုံလေးကိုတော့ တနေရာရာမှာ အရင်တင်လိုက်ပါ။ ဥပမာ- google pages ဖြစ်ဖြစ်ပေါ့။ ပြီးရင် အောက်ကအတိုင်း မိမိတင်ထားတဲ့ URL အမည်လေးကို ပြောင်းပေးပါ။ HTML ရဲ့ Title Tag လေးနောက်မှာ အောက်ဖော်ပြပါအတိုင်း ရိုက်ထည့်ပေးပါ။ ပြိး Save Template လုပ်ပါ။ နောက် View Blog ကနေသါားကြည့်လိုက်ပါ။ သင် URL လေးဘေးမှာ Image လေးကို တွေ့ရမှာပါ။



ဘလော့ကို ကလိခြင်းဖြင့် ပျှော်ရျွင်နိုင်ပါစေ။


Read more...

Friday, October 24, 2008

အရမ်းကောင်းတယ်လို့ ခံစားမိတဲ့ သီချင်းလေး

သီချင်းလေးထဲမှာ ကောင်လေးနဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ယောက်ခွဲခွာရလို့ ခံစားရတဲ့ သီချင်းလေးပါ။ ကျွန်မတော့ အရမ်းကြိုက်တယ်။ ချစ်တဲ့ သူတိုင်း ပေါင်းဖက်နိုင်ကြပါစေ။ သီချင်းလေး နာမည်က Droplets တဲ့။ အဆိုတော် Colbie Caillat နဲ့ Jason Reeves တို့ ဆိုထားတာပါ။



သီချင်းစာသားလေးပါ ကူးပေးထားတယ်နော်။ နားထောင်ကြည့်။ ကောင်းတယ်နော်။


Song - Droplets

I'm leaving you
I'm not sure if that’s what I should do
It hurts so bad
I'm wanting you but cant go back
Trying to find, to find
That all elusive piece of mind
Stuck here somehow
Shrouded beneath my fear
And now I don’t need it

Cuz I'm walkin down this road alone and figured all I'm thinking bout is you, is you my love
And my head is in a cloud of rain and the world it seems so far away and I'm just waiting for
The droplets, droplets

You left a mark
I wear it proudly on my chest
Above my heart Above my heart
To Remind me that I feel the best
When I'm with you When I'm with you
To me everything is effortless
You know its true
My eyes are painted with regret and I don’t need it

Cuz I'm walkin down this road alone and figured all I'm thinking bout is you, is you my love
And my head is in a cloud of rain and the world it seems so far away and I'm just waiting to fall and sink into your tears

You are like the raindrops, the raindrops falling down on me

You left a mark you left a mark
She left a mark he left
She left he left
And I don’t I don’t
Need it. Need it




Read more...

Wednesday, October 22, 2008

ဘလော့ပိုစ်များကို Read more ထည့်ပြီး ချုံခြင်း။

ကျွန်မရဲ့ဘလော့မှာ သူများဘလော့တွေလို Read more လေးထည့်လို့ ရရင်ကောင်းမယ်လို့ စိတ်ကူးပေါ်မိတယ်။ ဘာလို့လဲဆိုတော့ အရမ်းရှည်သွားတဲ့ ဘလော့ရဲ့ ပိုစ်တွေဆို ဘလော့ရဲ့ ပထမစာမျက်နှာမှာ သည်အကြောင်းအရာတစ်ခုတည်းနေရာယူနေတော့ ကျွန်မလည်း သည်စိတ်ကူးလေးပေါ်မိတယ်။ ကျွန်မ မြန်မာလို ဘာသာပြန်ထားတာပါ။ ကျွန်မလည်း မောင်ဂူဂဲလ်ကို အားကိုးပြီး ရှာဖွေပြီး စမ်းသပ်တော့ အဆင်ပြေသွားတာပါ။ ဒါပေမယ့် နည်းနည်းတော့ လိုနေသေးတယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းလည်း စိတ်ဝင်စားရင် စမ်းသပ်ကြည့်လိုရတာပေါ့။

ပထမအဆင့်။ ။ သူငယ်ချင်းရဲ့ ဘလော့ကို username and password ထည့်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ ဘလော့ကိုရွေးပြီး Layout -> Edit HTML ကို အရင်ဆုံးသွားလိုက်ပါ။ ပြီးရင် ကိုယ့်ဘာသာ အရင် safe ယူထားတဲ့အနေနဲ့ လက်ရှိ ဘလော့ template ကို Download လုပ်ပြီး အရင်သိမ်းထားလိုက်ပါ။ ပြီးရင် သည် လေး နှစ်ခုကို ရှာကြည့်လိုက်ပါ။


အဲသည်ဟာကတော့ အောက်မှာပြထားတဲ့ tags ပါ။ ကျွန်မဘလော့မှာတော့ အဲသည်စာသားအတိုင်း ကိုတွေ့ပါတယ်။ အဲသည်ရဲ့ အနောက်မှာ သည်အောက်က တွေကို အောက်ဆုံးမှာပါတဲ့ ကျွန်မ Reference လုပ်ထားတဲ့ ဆိုဒ်မှာ ကော်ပီလုပ်မယ်။ ပြီးရင် ပေစ့်လုပ်ပါ။ ကွန်ပျူတာဝဘ်အပိုင်းလည်းမကျွမ်း အင်္ဂလိပ်လိုလည်း မဖတ်ချင်ရင် ကျွန်မပိုစ်ကို ဖတ်ပြီး လိုက်လုပ်ကြည့်ကြည်လိုက်ပါ။



နောက်ပြီး အောက်ဖော်ပြထားတဲ့အတိုင်း post.body နောက်မှာ တွေကို ရိုက်ထည့်ပေးပါ။



နောက်ဆုံး သူရဲ့ စာပိုဒ်ပုံစံက အောက်ပါအတိုင်းဖြစ်ရပါမယ်။ တွေရေးတဲ့အခါမှာ သတိထားဖို့အရေးကြီးပါတယ်။ မှားယွင်းသွားမယ်ဆိုရင် ဘလော့ကို သိမ်းလို့မရပါဘူး။ အနီရောင်ပြနေပါလိမ့်မယ်။



ဒုတိယအဆင့်။ ။ သည်အဆင့်မှာတော့ ကိုယ့်ဘလော့ပိုစ်တွေကို Default အနေနဲ့ Read More template ပုံစံလေးထည့်ပေးတဲ့ အပိုင်းပါ။ Tag Menu ဖြစ်တဲ့ Setting -> Formatting ကိုသွားလိုက်ပါ။ အဲသည်မှာ Post Template ဆိုတဲ့ စာလေးကို လိုက်ရှာပါ။ အဲသည် နေရာကို ရောက်ပြီဆို အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။ အဲဒါကတော့ နောက်ပိုင်း ကိုယ့် ပိုစ့်အသစ်ရေးမယ်ဆိုတိုင်း သူက အမြဲအဲသည်ပုံစံကို ပေးထားမယ်ဆိုပြီး ပုံစံထားတာပါ။



တတိယအဆင့်။ ။ ဘလော့မှာ Read More လေးထည့်ပြီး ပိုစ့် အသစ်တင်ကြည့်လို့ရပါပြီ။ အောက်မှာ နမူနာပုံစံရှိပါတယ်။ ကြည့်လိုက်ပါ။



အထက်ပုံစံအတိုင်း ပိုစ့်တင်လိုက်မယ်ဆိုရင် သည်လို ထွက်လာပါလိမ့်မယ်။



အဆင်ပြေရဲ့ လား။ ကျွန်မက သည်ဆိုဒ်ကို Reference လုပ်ြပီး ဘာသာပြန်ထားတာပါ။ သူရဲ့မကောင်းတဲ့အချက်က ကိုယ့်က Read More မတည့်ဘူ။ ဥပမာ ကိုယ့်ပိုစ်က တိုနေတယ်။ Read More မလိုဘူး။ ကိုယ်လည်း သူရဲ့ class ကို မသုံးထားပဲနဲ့ Read More ပိုစ့်တိုင်းမှာ ပေါ်နေပါတယ်။ သည်စာကို မတော်တဆဖတ်မိပြီး သိရင်လည်း ပြောပါအုန်းနော်။

Read more...

Tuesday, October 21, 2008

ပေါ့ပေါ့ ပါးပါး ရယ်စရာ

တနေ့ လူငယ်ကလေးများဟာ သူတို့ကျောင်းရဲ့လေ့လာရေး ခရီးတခုအနေနဲ့ ဒေသမှာရှိတဲ့ ရဲစခန်းတစ်ခုကို သွားရောက်ရတယ်။
အဲသည်လေ့လာရေးကွင်းဆင်းထဲက အငယ်ဆုံး သူငယ်လေးက ရဲသားကြီးကို မေးသတဲ့။
ဦးလေး ရဲကြီးခင်ဗျာ သည်နံရံမှာ ကပ်ထားတဲ့ လူတွေက တကယ့်ကို အလိုရှိတဲ့ လူဆိုးကြီးတွေ့ ရဲ့ ဓာတ်ပုံလားခင်ဗျာလို့ မေးသတဲ့။
ရဲသားကြီး … ဟုတ်ပါ့ ငါ့တူလေးရ။ တကယ့်ကို ဦးဦးတို့ ရဲစခန်းက အလိုရှိနေတဲ့ လူတွေကွ။
အဲသည်အခါမှာ လူငယ်တစ်ယောက်က ရုတ်တရက် ၀င်မေးလိုက်တာပေါ့။
လူငယ်… အဲဒါဆို ဦးလေးအဲသည်လူတွေကို ဓာတ်ပုံရိုက်တုန်းက ဘာလို့ မဖမ်းထားတာတုန်းတဲ့။

း-) ဟုတ်ပ။
Read more...

သူတို့အဖွဲ့နှင့် အတူ Southern Ridges သို့ လမ်းလျောက်သော နေ့

ကျွန်မနဲ့သူ မနက် (၆)နာရီလောက်ခန့် စောစောထ ကော်ဖီလေး ဘာလေးသောက်ပြီး အိမ်က စထွက်ခဲ့ကြတယ်။ နောက်တော့ ရထားစီးပြီး Habourfront MRT မှာ သူတို့ လူစုကြပြီး၊ စုရပ်ကနေ မနက် ၈း၃၀ လောက် သူတို့ စီစဉ်ထားတဲ့ ကားစီးပြီး ထွက်လာခဲ့ ကြပါတယ်။ လမ်းစလျောက်တဲ့ နေရာကတော့ Southern Ridges ပါ။ သူတို့ အစီအစဉ်အရ Southern Ridges ရဲ့ Alexender Arch ကနေပြီး စထွက်တာပါ။







ပြီးတော့ Henderson Waves ကို အဖွဲ့ ဆက်လျောက်ကြတယ်။





ပျော်စရာတော့ အရမ်းကောင်းပါတယ်။ လူတွေ အသီးသီး လမ်းလျောက်တဲ့လူ ၊ ပြေးတဲ့လူပေါ့။

ကျွန်မကတော့ မောလိုက် ရေသောက်လိုက် မုန့်စားလိုက်။ သူကြီးကို complain တတ်လိုက်၊ ရေသောက်ချင်တယ်။ မုန့်စားချင်တယ်။ လက်ထက်ပြီးစဆိုတော့ သူကြီးက အလိုလိုက်ရှာပါတယ်။

ပြီးတော့ Faber Mt ကို ဆက်တတ်ကြတယ်။

နောက်တဖြည်းဖြည်းနဲ့ Forest Walk ကို လျောက်တယ်။ အဲသည်မှာ လှေကားအဆင်းတွေများတယ်။ ဒူးတွေကို ညောင်းနေတာပဲ။ နောက်တော့ Habourfront MRT ကိုရောက်တော့ အဖွဲ့တွေက ဗိုက်ဆာတယ်ဆိုပြီး ရုံးစရိတ်နဲ့ ၀ါးတီးဖွင့်ကြတယ်။ Singapore မှာကတော့ တပတ် တပတ်အကုန်မြန်သလိုပဲ။ ရက်တပတ်ရဲ့ နေ့တနေ့မှာ အဖွဲ့လိုက်စုပြီးလမ်းလျောက်ကြတော့ ပျော်စရာတော့ ကောင်းပါတယ်။ သူငယ်ချင်းတွေစုပြီး သွားသင့်တဲ့နေရာလေးပါ။ စရိတ်လည်းမကုန် သိပ်လည်း အပန်းမကြီးလှပါဘူး။ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ သည်မှာက စုစည်းထားတဲ့ ဓာတ်ပုံလေးတွေပါ။




Read more...

Sunday, September 28, 2008

F1 အကြောင်းသိကောင်းစရာ

Singapore Grand Prix ဆိုတာ Formula One ကားပြိုင်ပွဲဖြစ်ပြီး စင်္ကာပူနိုင်ငံမှာ ၂၈ ရက် စက်တင်ဘာ ၂၀၀၈ မှာဖွင့်လှစ်တာဖြစ်ပါတယ်။ ကားပတ်လမ်းမှာ စင်္ကာပူ Marina Bay တလျောက်ဖြစ်ပြီး ပထမဦးဆုံး ညဘက်မှာပြုလုပ်တဲ့ ကားပြိုင်ပွဲလည်းဖြစ်ပါတယ်။ သူရဲ့ ပြေးလမ်းကြောင်းကတော့ မြွေလိမ်မြွေကောက်ပါပဲ။ သည်းထိတ်ယဉ်ဖိုပါ။ ပြိုင်ပွဲရဲ့ ပြေးလမ်း ပတ်လမ်းကြောင်းမှာ ၅.၀၆၇ ကီလိုမီတာ ဖြစ်ပြီး အပတ်ပေါင်း (၆၁) ပတ်၊ အားလုံးပေါင်း လမ်းအရှည် ၃၀၉.၀၈၇ ကီလိုမီတာဖြစ်ပါတယ်။


သည်လို Formula One ပြိုင်ပွဲ မပေါ်ပေါက်ခင် စင်္ကာပူမှာ ၁၉၆၀ နှင့် ၁၉၇၀ တို့မှာ Formula Libre ပြိုင်ပွဲဆိုပြီး Thomson Road ကားပတ်လမ်းအဖြစ် အသုံးပြု ယှဉ်ပြိုင်ခဲ့ကြသေးတယ်။ ပထမဆုံးပေါ်ပေါက်လာပုံ သူရဲ့ History လေးက ဒီလိုပါ။ ပထမဦးဆုံး စတင်ပြီးဖြစ်ပေါ်လာခဲတာကတော့ ၁၉၆၁ ခုနှစ်မှာ Orient Year Grand Prix ပြိုင်ပွဲရယ်လို့ စတင်ခဲ့တာပါ။ နောက်ပိုင်းမှာ တော့ ပြိုင်ပွဲနာမည်ကို Malaysian Grand Prix ရယ်လို့ ပြောင်းလဲ ခေါ်တွင်လာခဲ့တယ်။



၁၉၆၅ ခု စင်္ကာပူနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမျာမှာတော့ Singapore Grand Prix ပြိုင်ပွဲရယ်လို့ Thomson Road ကို ပတ်လမ်းအဖြစ်သုံးပြီး ကျင်းပခဲ့ပါသေးတယ်။ ၁၉၇၃ ခုနောက်ပိုင်းမှာ ပြိုင်ပွဲကို ဆက်လက်ပြီး မကျင်းပဖြစ်တော့ပါဘူး။ အကြောင်းကတော့ မီးပွိုင့်တွေ များပြားလာမှု၊ ပြိုင်ပွဲလုပ်တော့မယ်ဆို ပိတ်ဆို့တားဆီးရမဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် သေဆုံးမှု အက်ဆီးဒင့်တွေကြောင့် ဆက်လက်မကျင်းပဖြစ်ကြဘူး။
စင်္ကာပူနိုင်ငံက ၁၅ ကြိမ်မြောက် F1 ပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် ၂၀၀၈မှာ FIA ကနေ ကျင်းပခွင့်ရရှိခဲ့တယ်။ သည် F1 ကားပြိုင်ပွဲဟာ သူရဲ့ နောက်ကြောင်းရာဇ၀င်မှာ ပထမဆုံး ညဘက်ကျင်းပတဲ့ပွဲလည်းဖြစ်ပါတယ်။ ညဘက်လုပ်တယ်ဆိုတာကလည်း တကယ့်လိုက်ရှိုး ထုတ်လွှင့်ချိန်ဟာ Europ TV ပရိတ်သတ်အတွက် အားပေးလို့ အဆင်ပြေတဲ့ အချိန်လေးဖြစ်နေပါတယ်။ သည်ပြိုင်ပွဲကို စင်္ကာပူနိုင်ငံရဲ TeleCom Company ဖြစ်တဲ့ SingTel က စပွန်ဆာပေးလို့ FORMULA 1 SingTel Singapore Grand Prix လို့ လည်းအမည်တွင်ပါတယ်။ စင်္ကာပူ အစိုးရက ဘေအားလုံးရဲ့ ၆၀% မတည်ငွေအဖြစ် စတင်ပေးပါတယ်။ လက်မှတ်အရေအတွက်ကလည်း တသိန်းကျော်ပါတယ်။ သည်နေ့ ၂၈ စက်တင်ဘာနော်။ ကျွန်မ တချက် on line sale ကို ကြည့်လိုက်တော့ နေရာပေါင်း နယ်မြေ(၈)နေရာ အားလုံးက မရနိုင်တော့ပါဘူးပဲ၊ တန်ဖိုးကတော့ အစားစားပါပဲ။ City Hall လို နေရာမျိုးမှာတောင် ၂၀၀ ကျော် ၃၀၀ နီးပါး စင်္ကာပူဒေါ်လာလောက်ရှိပါတယ်။ သိပ်ဗျူးမကောင်းပါဘူး။ အကွေ့နားမှာပါ။ ဗျူးကောင်းတဲ့နေရာတွေဆို ထောင်ကျော်တန်ပါတယ်။ စင်္ကာပူက ဟော်တယ်တွေတော်တော်လေး အလုပ်ဖြစ်သွားကြပါတယ်။ Visitor တွေတော့ Night Safri တို့ ကျွဲလေးနွားလေး ပြတာတို့၊ Jurong Bird Park လို့ ကြော်ငြာကောင်းကောင်းများဟာ တကယ့်သွားကြည့်တာထက်ပို့ကောင်းတာကြောင့် လူတွေကို သေချာပေါက်ကြည့်ဖြစ်ဖို့ ဖမ်းစားမှာသေချာပါ။ ၀င်ငွေတော်တော်လေး အိုကေမှာပါ။ မလေးရှားက ဟော်တယ်များလည်း အလုပ်ဖြစ်ပါတယ်။ ၂၇ စက်တင်ဘာ ၂၀၀၈ မနေ့ကတော့ Felipe Massa က ကွာလီဖိုင်းမှာ ဗိုလ်စွဲခဲ့တယ်လို့ ကြားတယ်။ ကျွန်မတော့ မကြည့်ဖြစ်ပါဘူး။ ကျွန်မရဲ့ အိမ်သူကြီးက ပြောပြတာ။ သူတို့ Company က Forklift တွေကို အစီး(၂၀) အကူအညီပေးပြီး ဆော်ပလော်ကွီသွားတဲ့ကားတွေကို အကူအညီပေး သယ်ပေးဖို့ပါ။ ကျွန်မလည်း လိုက်ချင်လို့မေးကြည့်သေးတယ်။ ရဘူးတဲ့။ သူက လုံခြုံရေး အရမ်းတင်းကြပ်တယ်တဲ့။ ကိုယ့် Service Security Card နဲ့ တစ်ယောက်ပဲ ၀င်ရတာတဲ့။ ၀ယ်ပြီးလည်း ကြည့်ရမှာ နှမြောသား။ နှစ်ရာကျော်ဆို ဆံပင်လေးဘာလေး သွားပြီး ဖြောင့်တာတို့ treatment တို့ပဲလုပ်ပြစ်လိုက်ချင်တယ်။ အ၀တ်အစားပဲ လှတာလေး ပြေးဝယ်လိုက်ရင်ကောင်းသား။ သည်နေ့လည်း TV ကပဲ ကြည့်မှာပေါ့နော့်။ ဟီး။ ကျွန်မ သည်အကြောင်းအရာလေးကို ၀ီကီကနေ ဘာသာပြန်ထားတာပါ။ သူများလိုလည်း ဘလော့ချင်တယ်။ ရေးလည်း မရေးတတ်။ ဗဟုသုတကလည်း သိပ်ကြီးကြွယ်လှတယ် မဟုတ်တော့။ ရှာဖွေကြိုးစားထားတာ။ ဖတ်တဲ့လူလည်း ရှိပုံမရလည်း ၀ါသနာအရပါ။ မှားတာလေးတွေပါရင် နားလည်ပေးပါ။

Read more...

Tuesday, September 23, 2008

အမေထံသို့ တမ်းချင်း


အမေ..နေကောင်းရဲ့လား။ သမီးနဲ့သမီးခင်ပွန်း နေကောင်းပါတယ်။ သမီး သည်မှာ မိုးလေးဖွဲဖွဲလေးရွာရင်လေ မြန်မာပြည်က အမေကို သိပ်သတိရတာပဲ။ သမီး အသက် (၃၀) ကျော်ပြီအမေ။ ဒါပေမယ့် အမေနဲ့ ဖုန်းပြောရင်လေ အမေက သမီးရယ် အခုတလော သမီးလေးကို သိပ်သတိရတာပဲဆို သမီး အသံတွေက အလိုလိုဝမ်းနည်းပြီး တုန်လာတယ်အမေ။ သမီးမျက်ဝန်းမှာလည်း မျက်ရည်တွေ ၀ဲလာမိတယ်။ အသက်(၃၀)အထိ အမေနဲ့တူတူနေလာခဲ့တာ အမေလို့ ရင့်ကျက်နေတဲ့ အမျိုးသမီးတောင် သည်လောက်တောင်လွမ်းရင်လေ အမေ သမီးက ပိုဆိုးတာပေါ့။ အရမ်းလွမ်းတာပဲ။ အမေ အသံကြားရင် အမေကို သိပ်သနားတာပဲ။ သြော် သမီးကို ကြီးပြင်းလာတဲ့အထိ ကလေးလို ကျွေးမွေးပြီး လိုလိုသေးမရှိထားခဲ့တဲ့သမီး သမီး စင်္ကာပူမှာ ကျောင်းတတ်ခွင့်ရတာတောင် သွားမတတ်စေချင်ခဲ့ဘူးနော်။ သမီးရဲ့ ဖြစ်ချင်လွန်းတဲ့ဆန´ ကို တားမရတဲ့အဆုံးလိုက်လျောပေးခဲ့တာကိုလည်း သမီးမမေ့ဘူး..အမေ။

သမီးအခု အိမ်ထောင်ကျနေတာတောင် အမေက ကလေးလို့ ထင်နေတုန်းနော်။ သမီးကို စိတ်မချဖြစ်တုန်း ။ ရေချိုးတာ ဂရုစိုက်ဖို့ ကျန်းမာအောင်နေဖို့။ ဆေးသောက် မပျင်းဖို့ ။ သမီးက အမေအတွက် စိတ်ပူတာပါ အမေ။ အမေက အသက်ကြီးပြီလေ။ နှလုံးရောဂါနဲ့လေ။ အမေ ကိုယ့်ကို ကိုယ့်ဂရုစိုက်ပါနော်။ အမေကို လုပ်ကြွေးခွင့်ရလို့ သမီးစိတ်မှာ ခွဲနေရပေမဲ့ ဖြေသာခဲ့ရတယ်။ သမီးသိပါတယ် အမေလိုတာက ငွေကြေးမဟုတ်ပါဘူး..သမီးကို အမေ မျက်စိအောက်မှာထားပြီး ကြည့်ချင်တာမဟုတ်လား။ သမီးလေ အရမ်းပြန်လာချင်ပါတယ်။ သည်လဆို သမီး လက်ရှိအလုပ်ပြည့်ပြီ အမေ။ နောက်အလုပ်မသွားခင် နားခွင့်ရပြီ။ သမီးအမေဆီ ပြန်လာချင်လိုက်တာ။ အိမ်ထောင်သည်ဖြစ်လာပြီဆိုတော့ သမီးက အရာရာကို ချင့်ချိန်နေရပြီ။ သမီးကို သူက နားလည်ခွင့်ပြုပါတယ်။ အမေကို သမီး အလုပ်ခဏနားမယ် အကြောင်း ဖုန်းကတဆင့် ပြောတုန်းကဆို သမီးရယ် အမေ အခုတလော သမီးကို အရမ်းလွမ်းတာပဲတဲ့လား အမေရယ်။ တပတ် ဆယ်ရက်ပြန်လာခဲ့ပါသမီးရယ်ဆိုတဲ့ အမေအသံကို ကြားတော့ သမီးအရမ်းသနားတာပဲ အမေရယ်။ သမီးလည်း ပြန်လာချင်ပါတယ်။ သမီးရယ် အမေအတွက် ကြိုးစားပေးပါတဲ့။ အမေရယ် သမီးက ဘယ်လိုစိတ်မျိုးနဲ့ မပြန်ဘဲနေနိုင်တော့မှာလဲ။ သမီးရယ် သမီးနောက်အလုပ်မလုပ်ခင် အချိန်လေးမှာ အမေ့အတွက်ကြိုးစားပြီး မြန်မာပြည်ကို ခဏ အလည်ပြန်လာခဲ့ပါလား ဆိုတဲ့ အမေရဲ့ သနားစရာကောင်းတဲ့ သမီးကို အရမ်းလွမ်းဆွတ်နေတဲ့ အသံကို သမီးရဲ့ အသည်းနှလုံးထဲမှာ ဘယ်လိုမှ ခံနိုင်ရည်မရှိဘူး အမေ။ ဖုန်းပြောရင်း သမီးအသံတွေတုန်လာပြီး မျက်ရည်ဝိုင်းနေပြီ အမေ။ အခု သမီးငိုနေတယ်။ အမေကိုတော့ သမီးငိုသံ မကြားစေချင်ပါဘူး။ အမေ ၀မ်းနည်းမှာကို သမီးမလိုလားဘူးအမေ။ သမီး အမေအတွက် ပြန်လာခဲ့ပါမယ် …အမေ။ အမေ သိပ်ချစ်တယ် အမေ။

Read more...

Sunday, September 21, 2008

သူနဲ့ကျွန်မ အမှတ်တရ (၂၁ - ၀၉ - ၂၀၀၈)




မိန်းကလေးတွေရဲ့မွေးရာပါ ဗီဇလို့ ပြောရမလားပဲ နော်..ကျွန်မက ဓာတ်ပုံရိုက်မယ်ဆို လာထားပဲ။ ပဲကလည်း များသလားပဲ။ စတူဒီယိုတစ်ခုမှာ သူနဲ့ကျွန်မအမှတ်တရပါ။
Read more...

Saturday, September 13, 2008

အမျိုးသမီးများနှင့် နက်ကတိုင်ချည်နည်း

သည်လို နက်ကတိုင်ချည်နည်းဟာ ကျွန်မတို့မြန်မာအမျိုးသမီးများအနေနဲ့ သိပ်ပြီး ရင်းနှီးကျွမ်းဝင်ရှိလှမယ်မထင်ဘူးနော်။ တခါတုန်းက ကျွန်မ စင်္ကာပူအိုင်စီအေရုံးကို သွားတုန်းကပေါ့ မြန်မာအဒေါ်ကြီးတယောက်က ရေးကြီးသုတ်ပြာလာပြီး သမီး နက်ကတိုင်ချည်တတ်လား။ အဒေါ်သားလေးနဲ့ အဒေါ်က နက်ကတိုင်မချည်တတ်လို့ပါတဲ့ အကူအညီလာတောင်းတော့ ကူတော့ကူညီချင်ပါတယ်။ သမီးလည်း ချည်တတ်ဘူး။ တကယ်တော့ ကျွန်မဆို လူလတ်ပိုင်းတောင်ဝင်လာပြီ နည်းနည်းတော့ သိသင့်တယ်လို့ ကိုယ့်ဘာသာ ကိုယ့်ကိုကိုယ့် အထင်သေးလိုက်မိတယ်။ အဲသည်ကပြန်လာတော့ မောင်ဂူဂဲလ် အကူအညီနဲ့ ရှာဖွေပြီး လေ့လာပြီး စမ်းသပ်ချည်တာတော့ အိုကေနေတာပဲ။ တကယ်ပွဲလမ်းအတွက်တော့ သိပ်ပြီး မချည်တတ်သေးဘူးရှင့်။ ကျွန်မကို မောင်ဂူဂဲလ်ပေးလာတဲ့ အထဲမှာ အကြိုက်ဆုံးက နက်ကတိုင်ချည်နည်းကတော့ ဗီဒီယိုတွေပါပဲ။ အဲဒီထဲက အလွယ်ဆုံးကို ရွေးပြီး ရှယ်လိုက်တာပါ။


How To Tie A Tie - Half Windsor Knot
Read more...

Memorial of Botanic Garden, Singapore

ကျွန်မတို့ရဲ့ဆွေမျိုး မိတ်သင်္ဂဟများ စင်္ကာပူကိုလာရောက်လည်ပတ်မယ်ဆိုရင်လေ လှလည်းလှ မိသားစုအပန်းဖြေလို့လည်းကောင်း၊ ၀င်ကြေးဈေးနှုန်းလည်း ချိုသာတဲ့ စင်္ကာပူရဲ့သစ်ခွဥယျာဉ်လေးကို လက်ညှိုးထိုးပြရမှာပါပဲရှင်။ အဲဒီ သစ်ခွဥယျာဉ်လေးက Botanic Garden နဲ့ဆက်စပ်ပြီးရှိပါတယ်။ Botanic Garden တနေတာ ဖွင့်ချိန် ပိတ်ချိန် တွေက မနက် ၅ နာရီ မှ ည ၁၂ နာရီထိ ဖြစ်ပြီး ၀င်ကြေးက ပေးစရာမလိုပါဘူးရှင့်။ နေရာကျယ်ဝန်းပြီး မိသားစုအပန်းဖြေလိုလည်းကောင်းတဲ့ နေရာလေးတခုလို့ ကျွန်မတော့ မှတ်ချက်ပေးချင်ပါတယ်ရှင်။ Orchid Garden အတွက်ကတော့ မနက် ၈း၃၀ မှ ည ၇း၀၀ နာရီအထိ နေ့စဉ်ဖွင့်လှစ်ပြီး ၀င်ကြေးအနေနဲ့ လူကြီး စင်္ကာပူငွေ ၅ ဒေါ်လာ၊ ကလေး ဆို ၁ ဒေါ်လာဖြစ်ပါတယ်ရှင့်။ ကားနဲ့သွားမယ်ဆိုရင် ၇၊ ၁၀၅၊ ၁၂၃၊ ၁၇၄၊ ၇၅၊ ၇၇၊ ၁၀၆ နံပါတ်များ စီးနိုင်ပြီး Botanic Garden Opposite မှတ်တိုင်မှာ ဆင်းပြီး ကားလမ်းကူးတာနဲ့ ရောက်ပါတယ်ရှင်။ ကျွန်မနဲ့ ကျွန်မရဲ့အမျိုးသားသွားတုန်းကတော့ ရထားနဲ့ Somerset ဘူတာကိုစီး ကားနံပါတ် ၇၇ ကို စီးပြီးသွားလိုက်တာပါပဲ။ သိပ်ပြီးသာယာတဲ့အပြင် သစ်ခွပန်းတွေကလည်း အရမ်းလှတာပါပဲ။ ကျွန်မတို့နှစ်ယောက် ဓာတ်ပုံတွေရိုက်လာတာ အများကြီးပဲ။ သူငယ်ချင်းလည်း မရောက်ဖူး ရင် သွားလည်ဖြစ်အောင် လည်လိုက်ဦးနော်။ ဒီဟာလေးက ကျွန်မတို့ရိုက်ခဲ့တာလေးတွေပါ။

Read more...

Tuesday, September 2, 2008

ဒီမှာမိုးရွာနေတယ်..

eot test
Read more...

Monday, September 1, 2008

စင်္ကာပူမှာ PR လျောက်ချင်ရင် ချိန်းလိုရပြီ်

အခု သူငယ်ချင်းတစ်ယောက်က PR လျောက်မလို့ပြင်ဆင်နေတော့ ကိုယ့်က ဘာတွေညာတွေလိုတယ်။ ဘာညာ မသိမသာ သိသိသာသာ ဆရာလုပ်ရင်း ICA site ကို ၀င်ကြည့်လိုက်တော့လေ သူက ကြိုတင်ပြီး online က e-appointment လုပ်ပြီးသွားလို့ ရတယ်ရှင့်။ အချိန်ကုန်သက်သာ လူသက်သာလိုက်တာ။ တော်လိုက်တဲ့ ကောင်းလိုက်တဲ့ Idea။ သူငယ်ချင်းလည်း ချိန်းချင်ရင် သည်ကို နှိပ်လိုက်ပေါ့။
Read more...

အမှတ်တရ စင်္ကာပူ မှလျော့ဈေး အတွေ့အကြုံမျှဝေခံစားခြင်း

ကျွန်မတို့ တပြည်တရွာရောက် လူဆင်းရဲသားများ အနေကတော့ ဘယ်နေရာမှာ ဘာပစည်းများ လျော့ပေးမလဲ။ ဘယ်လောက်လျော့လဲဆိုတာ သိတာနဲ့ အချင်းချင်းလက်တို့ ပြေးဝယ်ကြတာနော်။ ကျွန်မတို့တင် မဟုတ်ဘူးနော်။ သူတို့ စင်္ကာပူသားတွေများ လျော့နေပြီဆိုလို့ကတော့ လာထား။ မိုးအလင်း သွားစောင့်နေတာ။ အံ့မယ် အိပ်ရာခင်း စားစရာအပြည့်အစုံနဲ့ ပျော်ပွဲစားထွက်လားတောင် ထင်ရတာ။ ပထမဆုံး ဖောက်သည် ၅၀ ဦးတို့ ဘာတို့ ညာတို့ဆို ကိုယ်တွေ ၀ီရီယက သူတို့ကို မမှီဘူးရှင့်။ အင်း..တောသားမြို့ရောက် စစတုန်းက ဆို လျှော့သည်ဆို ကျွန်မက တန်တယ်ထင်မိတာပဲလေ်။ အံ့မယ် သည်နေ့ နောက်ဆုံးဆိုပဲ။ အလုအယက် ရွေးလိုက်ရတာ။ လူအုပ်များတာကို အတင်းတိုးကြည့်။ အတင်း ပုံပုံကြီးကို ဖွ။ လှတာလေးကိုရွေး ၀ယ်လိုက်တာပဲ။ အင်း…တကယ့်တော့ ဈေးကွက်ခေါ်ခြင်းသာဖြစ်သည်။ နောက်နေ့လည်း သည်လိုပဲ လျှော့နေတုန်းပဲ သိလား..လူဆိုး..။ နောက်တော့မှ တဖြည်းဖြည်း စင်္ကာပူရဲ့ ဈေးလျော့ခြင်းအမျိုးမျိုး ဈေးကွက်ကို သိလာတော့ ကိုယ်က လိုအပ်မှသာ ဈေးလည်းလျော့မှသာ ၀ယ်သုံးဖြစ်တော့သည်။ နောက်ကျွန်မ စင်္ကာပူမှာကျောင်းတတ်တုန်း ကျောင်းပိတ်ရက် အချိန်ပိုင်း ဈေးရောင်းတယ်။ သူတို့မှာ Sale ရှိတယ်ဆိုတဲ့ နေရာတွေမှာ လိုက်ရောင်းရတာ။ BHG Sale တို့ဘာတို့ပေါ့။ အဲ..အဲဒီမှာ ခေါင်းအုံး။ မွေ့ယာအခင်း အစုံလိုက်၊ ဖက်ခေါင်းအုံးတို့ဘာတို့ ရောင်းတဲ့ ပျံကျဆိုင်လေးရှိတယ်။ အဲသည်ဆိုင်ကလေ ညနေ ၇ နာရီလောက်ဆိုတာနဲ့ တရုတ်ကြီးတယောက်က one Hour Sale/ Hourly Sale ဆိုပဲ။ အဲဒီ တစ်နာရီသာ လျော့ဈေးဆိုတဲ့ ဆိုင်းဘုတ်ကြီး ထောင်ထောင်ပြီး အော်ပြီးရောင်းလိုက်တာ။ ည ၉ နာရီမှ နားတော့တယ်။ ပထမဆုံးစကြားမိတဲ့နေ့ဆို ကျွန်မလည်း ကိုယ့်နဲ့တွဲရောင်းတဲ့ကောင်မလေးကို ခွင့်တောင်းပြီး အပြေးသွားလိုက်သေးတာ။ ဟွန်း ဈေးက တူတူကြီးများ။ ပြီးတော့ နေ့တိုင်း နောက်ဆုံး တစ်နာရီလျော့ဈေး ညနေဆိုအော်တော့တာပဲ။ နောက်ပိုင်း အဲလိုရောင်းတာတွေတွေ့ရင် ကိုယ့်အတွေ့အကြုံလေးကို ပြန်အောက်မေ့ပြီး ပြုံးမိတယ်။ တခါတလေများ တော်တော်လေး တန်တာလေးတွေ ရတတ်ပါတယ်။ သို့သော် သိပ်မထူးပါဘူး။ ကျွန်မ မိတ်ဆွေတစ်ယောက် IT Show မှာ လျှော့ဈေးနဲ့ ကင်မရာ တလုံးဝယ်လာတယ်။ တခြား Court (Funan Digital Mall) မှာလည်း အဲဒီဈေးပါပဲ။ အဲဒါကြောင့် နောက်ပိုင်းဆို လျှော့ဈေးဆိုလည်း ကိုယ်လည်း အမှန်တကယ် အသုံးဝင်မယ် အသုံးပြုမယ် ဈေးကလည်း အမှန်တယ်လျော့တယ် ဆိုမှပဲ ၀ယ်ဖြစ်တော့တယ်။ တခါတလေလည်း မလျော့ဘူး ကိုယ်ဘက်က အမှန်လိုအပ်လို့ ၀ယ်လိုက်ရတာတွေလည်း အများကြီးပါပဲ။ တခါတလေတော့လည်း တော်တော်လေးလျော့တယ် တကယ်ကိုလျော့တာ အဲလိုမျိုးဆို ကျွန်မတို့က အရောက်နောက်ကျတယ်။ စင်္ကာပူသားတွေများ လျင်ချက်။ ကျွန်မလည်း သူများရေးတာကို အားကျပြီး မရှိမဲ့ရှိမဲ့အတွေ့အကြုံလေးကို ရေးလိုက်တာပါ။ ကျွန်မရဲ့ စင်္ကာပူရဲ့ လျော့ဈေး အတွေ့အကြုံလေးပါ။ အမှားပါရင် နားလည်ပေးပါနော်။
Read more...

Friday, August 22, 2008

Shared Email for "Change Your Fate"

After I had read this email, I'm very thankful to the person who distributed this kind of articles and the person who sent to me via email. Thanks.

I don't know the author's email that's why I cannot apologies you to use this articles in my blog. Hope he/she will be happy and appreciated to share this.



တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်
( တစ်ကစ တစ်ရာ၊ တစ်ထောင်၊ တစ်သောင်းဖြစ်အောင် --- ကိုယ်ကစ ပြုကြသို့ ကုသိုလ် )

စာဖတ်သူ အသင် ...
သင့်ကံဆိုးနေသလား .. ?
ဒါမှ မဟုတ် သိပ်ကံကောင်းနေတယ်လို့ ထင်လား .. ?
ဒါမှ မဟုတ် ကံကောင်းတယ်လဲမဟုတ် ကံဆိုတယ်လဲ မဟုတ်ပါဘူး လို့ သတ်မှတ်ထားသလား ?.......
ဘယ်လိုဖြစ်နေနေ ...
မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ်၅မျိုးကို ဆောင်ရွက်ရင်း ... တစ်ဘ၀တာ ကံကောင်းသောသူ၊ နောက်ဘ၀ပေါင်းများစွာ.. ကံကောင်းသောသူ ဖြစ်နိုင်အောင်
ဆိုးဝါးစွာပါလာသော အတိတ်ကံများကို ကောင်းမြတ်သော ပစ္စုပ္ပန်ကံများနဲ့ ပြုပြင်လို့ ရတယ်ဆိုတာကို သိဖို့ ဒီမေးလေးကို ပို့လိုက်တာပါ။သာမာန် FORWARD လုပ်လို့ လက်ခံရနေကြ စာများလို သဘောမထားဘဲ သေသေချာချာလေး ဖတ်ကြည့်စမ်းပါ။ လိုက်နာကြည့်စမ်းပါ။
ဒါန သီလ ဘာဝနာကို အာကြိုးမာန်တက် ဆောင်ရွက်နေပြီးသား ဝေနေယျတို့အား ရည်ရွယ်တာ မဟုတ်ပါဘူး။ ဘာသိဘာသာ မေ့မေ့လျော့လျော့နေနေသော ဝေနေယျတို့အား တပိုင်တနိုင် သာသနာပြုလို၍ ဖြန့်ဝေလိုက်ရခြင်း ဖြစ်ပါတယ်။ သင့်အပေါင်းအသင်း သူငယ်ချင်းအားလုံးကိုလည်း ထပ်ဆင့်ပို့ပေး သင်ကိုယ်တိုင်လည်း အဓိဋ္ဌာန်မြောက်အောင် ကြိုးစား နီးစပ်ရာ အပေါင်းအသင်းများကိုလည်း ဆင့်ကာ ဆင့်ကာ ပို့ပေး-တိုက်တွန်းပေးပါလို့ တောင်းပန်ရင်း .....
ဒေါက်တာခိုင်မျိုး( ခေတ္တအိန္ဒိယ )
ဂူဂျာရင် အာယုဗေဒ တက္ကသိုလ်
ဂျန်မနာဂါမြို့



ကံကိုပြင်လိုက်ပါ
ရဝေနွယ်( အင်းမ)

၁။ ''၀သဘ ၏ သာမန်ဘ၀''
သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်း ဆိုတာ ရှိခဲ့ဖူးးပါတယ်။ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိတွေက ၀သဘ အမည်ရှိတဲ့သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာ ကြပါတယ်။ ဒီစကားကြားတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလကမင်းက သီဟိုဠ်ကျွန်းမှာ ၀သဘ အမည်ရတဲ့သူအားလုံးကို သတ်စေလို့ မိန့်ပါတော့တယ်။

၂။ အသက်ဘေးက လွတ်ပြီ။
ဒီတော့ စစ်သူကြီးက သူ့ဆီမှာနေနေတဲ့ ၀သဘ ကို မင်းဆီအပ်ဖို့ မိန်းမလုပ်သူကို ပြောပါတယ်။ သူရာထူးတိုးချင်တာလည်း ပါမှာပေါ့။ နံနက်စောစော ရောက်တော့ စစ်သူကြီးက ၀သဘကို အသာခေါ်ပြီး နန်းတော်ကို ထွက်ခဲ့ပါတယ်။ ၀သဘကို သတ်ဖို့ခေါ်သွားတာ ဆိုတာကို သိတဲ့စစ်သူကြီးကတော်က ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေးလိုက်ပါတယ်။
စစ်သူကြီး နန်းတော်တံခါးဝရောက်လို့ ကွမ်းစားမယ်လုပ်တော့ ထုံးပါမလာတာတွေ့ပြီး ၀သဘကို အိမ်ပြန်ထုံးယူစေပါတယ်။ ၀သဘက အိမ်ရောက်တော့ စစ်သူကြီးကတော်က သူ့အကြံအစည်အတိုင်းဖြစ်လာလို့ ၀မ်းသာအားရနဲ့ '' ၀သဘ၊ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီ အပ်ပြီး သတ်မှာ .. ရော့ အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ '' ဆိုပြီး ထွက်ပြေးခိုင်းလိုက်ပါတော့တယ်။

၃။ စစ်သည်စုရုံးပြီ။
ဝသဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းနေပါတယ်။ ရဟန်းတော်တွေကလည်း သူ့ကို ကြည့်ရှုထားပါတယ်။
ဒီလိုနေရင်နဲ့ တစ်နေ့မှာ ပညာရှိလူနူတစ်ယောက်က ၀သဘရဲ့ ဇာတာကို ကြည့်ပြီး '' သင်.. မင်းဖြစ်လိမ့်မယ် '' လို့ ဟောလိုက်ပါတယ်။ ဒီစကားကြားတော့ ၀သဘဟာ ၀မ်းမြောက်စွာနဲ့ပဲ ရဲရင့်သတ္တိရှိတဲ့နောက်လိုက်ယောက်ျားတွေကို စုရုံပါတယ်။ အတော်အတန် စုမိတော့ '' မုန့်သည်မသားသည် မုန့်အနားကစ၍ စားရသည် '' ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး မြို့စွန်ရွာစွန်ကစပြီး သိမ်းပါတယ်။ လိုရင်းပြောရရင်တော့ နောက်ဆုံးမှာ ၀သဘ မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။
၎။ နန်းစံသက်ကို တွက်ချက်ခိုင်းတော့
ဝသဘမင်းဖြစ်လာတော့ ဟူးရားပညာတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှနှစ်လောက် နန်းစံရမလဲ ဆိုပြီး တွက်ခိုင်းပါတော့တယ်။ ဟူးရားပညာရှိတွေက တွက်ချက်ပြီး '' ၁၂ နှစ် နန်းစံရမယ် '' လို့ ဟောလိုက်ပါတယ်။ ၀သဘမင်းက ဟူးရားပညာရှိတွေကို အသပြာ၁ထောင်စီပေးပြီး သည်အကြောင်း ဘယ်သူ့မှ မပြောနဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။

၅။ ကုသိုလ်တွေ ပြုပြီ။
အဲဒီနောက် ၀သဘမင်း ဟာ ရဟန်းသံဃာတော်တွေဆီ ဆည်းကပ်ပြီး '' အရှင်ဘုရားတို့၊ မင်းသက်ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်းမှုများ မရှိဘူးလား ဘုရား .. '' လို့ လျှောက်ထားပါတယ်။
ဒီတော့ သံဃာတော်တွေက -
'' ၀သဘမင်းမြတ် ၊
၁။ ရေစစ်လှူပါ။
၂။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ။
၃။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကျောင်းဟောင်း၊စေတီဟောင်းတွေကို ပြုပြင်ပါ။
၎။ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ။
၅။ ၈ရက်ဥပုသ်၊ ၁၅ရက်ဥပုသ်နေ့တိုင်း ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိမ်းပါ။
မင်းသက်ရှည်လိမ့်မယ် '' လို့ မိန့်လိုက်ပါတယ်။
ဝသဘမင်းလည်း ရဟန်းတော်တွေလမ်းညွှန်တဲ့အတိုင်း ကောင်းမှုတွေပြုပါတယ်။ စာထဲမှာတော့ ၀သဘမင်းပြုတဲ့ကုသိုလ်တွေကောင်းမှုတွေ အများကြီးပဲ ပြထားတယ် ( စာရှည်နေမှာစိုးလို့ ရေးမပြတော့ဘူး။ )
လိုရင်းပြောရရင်တော့ ၀သဘမင်းဟာ ( ၁၂ နှစ်သာ နန်းစံရမဲ့အစား ) ၄၄-နှစ် နန်းစံခဲ့ရပါတယ်။

၆။ အတိတ်ကံ နဲ့ ပစ္စုပ္ပန်ကံ
ဒီ ၀တ္ထုမှာ အဓိက ပြောချင်တာကတော့ ၀သဘမင်းဟာ အတိတ်ကံအရ ၁၂နှစ်သာ နန်းစံရမှာပါ။ ဒါပေမယ့် အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်ယူလိုက်တော့ ၄၄-နှစ်တောင် နန်းစံခဲ့ရပါတယ်။ အပိုကြေးအနေနဲ့ ၃၂နှစ် နန်းစံသက်ပိုရခဲ့ပါတယ်။
ဝသဘမင်းပြုခဲ့တဲ့ ကုသိုလ် ခြောက်မျိုးက အသက်ရှည်ကြောင်းကုသိုလ်တွေပါ။ သူ့အနေနဲ့ကတော့ နန်းသက်ရှည်ကြောင်း သီးခြားကုသိုလ်တွေပေါ့။ အဲဒီကုသိုလ်-၆မျိုးကို အောက်ပါလင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး။
ဗဟုသုတ အဖြစ်ပေါ့။
ရေစစ်၊ ဆေး၊ ကျောင်း၊ ဘုရားဟောင်းပြုပြင်
'' ပဉ္စင်၊ အဋ္ဌ သီလ ဖြူစင်
သက်ရှည်ကြောင်းစု
ကောင်းမှု ၆-အင်
အခွင့်စိုက် ပြုလိုက် ထာဝစဉ်။ ''
ဝသဘမင်းကတော့ သူနဲ့ အသုံးတည့်မယ် အသက်ရှည်ကြောင်း ကုသိုလ်တွေကို ရွေးပြုပြီး သူ့ကံသူ ပြုပြင်သွားတာပါ။

၇။ သင်နှင့် ကောင်းကံ ဆိုးကံ
အခု စာဖတ်သူတွေကတော့ တခြားသော ဘ၀လိုအပ်ချက်တွေ တခြားသော အဆင်မပြေမှုတွေ ရှိနေနိုင်ပါတယ်။
-- လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
-- စီးပွားရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
-- ကျန်းမာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
-- ပညာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
-- ရာထူးဌာနန္တရ နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
-- နိုင်ငံခြားခရီး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ကြိုက်သလောက် ကံဆိုနေပါစေ။ နောက်ဆုံး သေချင်လောက်အောင် အထိ ကံဆိုးနေစမ်းပါစေ။ ၀သဘမင်းဝတ္ထုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက် ပြုပြင်ယူလို့ရတယ် ဆိုတဲ့ အသိလေးကိုပဲ အာရုံပြုပစ်လိုက်စမ်းပါ။

၈။ ဘယ်လိုပြုပြင်မလဲ ...
အဲဒီတော့ ဘယ်လိုပြုပြင်ယူမလဲ.. ?
အဲဒီ သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင်ယူလို့ရပါတယ်။ တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင်ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ '' နင်နေ ငါသွား '' ဖြစ်သွားပါလိမ့်မယ်။
အဲဒီကုသိုလ် ၅မျိုးကတော့
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ
တို့ ဖြစ်ပါတယ်။
အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ်ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ်သွားဖို့ပါပဲ။

၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။

၉-၁။ ဒါန
ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ်ဆိုလည်း ဒါနဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ်လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ်စာလောက် စာကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်ဝန်ကိုယ့်အားနဲ့မျှတဲ့ ဒါနဖြစ်နေတာပါ။

၉-၂။ သီလ
ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီထဲမှာနေတဲ့ လူတစ်ယောက်အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်းလိုက်နိုင်တယ်ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်။

၉-၃။ ဂုဏ်တော်
တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။
အရဟံဂုဏ်တော်ကိုပဲ ...
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
လို့ ပွားများရပါတယ်။
အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။
ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

၉-၄။ မေတ္တာ
စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာအတွေးများစာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။
မေတ္တာပွားတဲ့နေရာမှာ အဓိက အကြံပေးချင်တာတော့ ပထမ ကိုယ့်အပေါ်ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်းနတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ်ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်းနတ်မြတ်တွေအားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ... စသည်ဖြင့်ပေါ့လေ။

၉-၅။ ၀ိပဿနာ
နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့်အာစရိယ၀ါဒအတိုင်း မှတ်ယူလို့ရပါတယ်။
( မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င်လာသည်ဟုသိပေး၊ ထွက်လေထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမလေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်းစသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ကြိုးစားကြသင့်ပေသည်။ )

၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ
ကဲ ... စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

၁၀-၁။ အိပ်ရာထ
မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက်သန့်စင်ပြီး မိသားစုကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။
ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )
အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်းလုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံးပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ခွန်အားအလိုက် သဒ္ဓါတရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု
နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသာစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။

၁၀-၂။ နေ့လည်
အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့အခါ ဆန်လက်တစ်ဆုတ်စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။
ကျွေးပြီးသွားရင် အဆစ်အနေနဲ့ '' ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုးကိုလည်း အမျှပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု '' ဆိုပြီး နတ်ကောင်းနတ်မြတ်များနဲ့တကွ ဝေနေယျအပေါင်းကို အမျှပေးဝေလိုက်ပါဦး

၁၀-၃။ ညပိုင်း
တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ်ထပ်လုပ်လိုက်ပါဦး

၁၁။ နေ့စဉ်ပြုအပ်သည်
ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။
ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ်အင်အားကောင်းလာတာနဲ့အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။
ဒါက ကံဆိုးနေတဲ့သူတွေကို ပြောတာပါ။
ကံကောင်းနေတဲ့သူတွေ အတွက်လည်း အမြဲတမ်းကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။
ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင်လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။


၁၂။ ဒုက္ခကြံရင် သစ္စာဆို။
ဒီကုသိုလ်၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ်အတွင်းမှာပဲ ဘ၀အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ်အမျှပေးဝေနေတဲ့ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး သစ္စာဆိုလို့လည်း ရပါတယ်။
'' ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းနတ်မြတ်များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက်ပါစေသတည်း။ နတ်ကောင်းနတ်မြတ်တို့က ကူညီမစတော်မူပါ '' စသည်ဖြင့်ပေါ့လေ.....

၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့
ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။
ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ ... ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့လုံးဝမပျော်တဲ့အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ်အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် ...
ကဲ .... စာဖတ်သူ ... ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ်ပြုပြင်လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

ရဝေနွယ်(အင်းမ)
ကျမ်းကိုး
- မဟာဝင်ဝတ္ထု - ကျီးသဲလေးထပ်ဆရာတော်
( ဒေါက်တာခိုင်မျိုး - ထပ်ဆင့် ရိုက်နှိပ်ပူဇော်ပါသည်။ ရန်ကုန်မြို့တွင် လက်ကမ်းစာအုပ်ငယ်အဖြစ် ဓမ္မဒါနပြုလိုပါက New Day Graphic Design၊ အမှတ်-၁၄၈၊ လမ်း၅၀၊ ပုဇွန်တောင်။ ဖုန်း ၂၀၁၄၃၇၊ ၂၉၈၆၄၂ သို့ ဆက်သွယ်ဝယ်ယူလှူဒါန်းနိုင်ပါသည်။ )



Read more...

Reasons for sleeping and waking up early

Evening at 9 - 11pm:
is the time for eliminating unnecessary/toxic chemicals (detoxification) from the antibody system (lymph nodes). This time duration should be spent by relaxing or listening to music. If during this time a housewife is still in an unrelaxed state such as washing the dishes or monitoring children doing their homework, this will have a negative impact on health.

Evening at 11pm - 1am:
is the detoxification process in the liver, and ideally should be done in a deep sleep state.

Early morning 1 - 3am:
detoxification process in the gall, also ideally done in a deep sleep state.

Early morning 3 - 5am:
detoxification in the lungs. Therefore there will sometimes be a severe cough for cough sufferers during this time. Since the detoxification process had reached the respiratory tract, there is no need to take cough medicine so as not to interfere with toxin removal process.

Morning 5 - 7am:
detoxification in the colon, you should empty your bowel.

Morning 7 - 9am:
absorption of nutrients in the small intestine, you should be having breakfast at this time. Breakfast should be earlier, before 6:30am, for those who are sick. Breakfast before 7:30am is very beneficial to those wanting to stay fit. Those who always skip breakfast, they should change their habits, and it is still better to eat breakfast late until 9 - 10am rather than no meal at all.

Sleeping so late and waking up too late will disrupt the process of removing unnecessary chemicals. Aside from that, midnight to 4:00 am is the time when the bone marrow produces blood. Therefore, have a good sleep and don't sleep late.


-----------------------------------------------------------------------------------

THE TOP FIVE CANCER-CAUSING FOODS:

1. Hot dogs
Because they are high in nitrates, the Cancer Prevention Coalition advises that children eat no more than 12 hot dogs a month. If you can't live without hot dogs, buy those made without sodium nitrate.

2. Processed meats and bacon
Also high in the same sodium nitrates found in hot dogs, bacon, and other processed meats raise the risk of heart disease. The saturated fat in bacon also contributes to cancer.

3. Doughnuts
Doughnuts are cancer-causing double trouble. First, they are made with white flour, sugar, and hydrogenated oils, then fried at high temperatures. Doughnuts, says Adams , may be the worst food you can possibly eat to raise your risk of cancer.

4. French fries
Like doughnuts, French fries are ma de with hydrogenated oils and then fried at high temperatures. They also contain cancer- causing acryl amides which occur during the frying process. They should be called cancer fries, not French fries, said Adams ..

5. Chips, crackers, and cookies
All are usually made with white flour and sugar. Even the ones whose labels claim to be free of trans-fats generally contain small amounts of trans-fats.

------------------------------------------------------------------------------------

BRAIN DAMAGING HABITS

1. No Breakfast
People who do not take breakfast are going to have a lower blood sugar level. This leads to an insufficient supply of nutrients to the brain causing brain degeneration.

2. Overeating
It causes hardening of the brain arteries, leading to a decrease in mental power.

3. Smoking
It causes multiple brain shrinkage and may lead to Alzheimer disease.

4. High Sugar consumption
Too much sugar will interrupt the absorption of proteins and nutrients causing malnutrition and may interfere with brain development.

5. Air Pollution
The brain is the largest oxygen consumer in our body. Inhaling polluted air decreases the supply of oxygen to the brain, bringing about a decrease in brain efficiency.

6. Sleep Deprivation
Sleep allows our brain to rest. Long term deprivation from sleep will accelerate the death of brain cells.

7. Head covered while sleeping
Sleeping with the head covered increases the concentration of carbon dioxide and decrease concentration of oxygen that may lead to brain damaging effects.

8. Working your brain during illness
Working hard or studying with sickness may lead to a decrease in effectiveness of the brain as well as damage the brain.

9. Lacking in stimulating thoughts
Thinking is the best way to train our brain, lacking in brain stimulation thoughts may cause brain shrinkage.

10. Talking Rarely
Intellectual conversations will promote the efficiency of the brain

-------------------------------------------------------------------------------------------

The main causes of liver damage are:

1. Sleeping too late and waking up too late are main cause.
2. Not urinating in the morning.
3. Too much eating.
4. Skipping breakfast
5. Consuming too much medication.
6. Consuming too much preservatives, additives, food coloring, and artificial sweetener.
7. Consuming unhealthy cooking oil. As much as possible reduce cooking oil use when frying, which includes even the best cooking oils like olive oil. Do not consume fried foods when you are tired, except if the body is very fit.
8. Consuming raw (overly done) foods also add to the burden of liver. Veggies should be eaten raw or cooked 3-5 parts. Fried veggies should be finished in one sitting, do not store.

We should prevent this without necessarily spending more. We just have to adopt a good daily lifestyle and eating habits. Maintaining good eating habits and time condition are very important for our bodies to absorb and get rid of unnecessary chemicals according to "schedule."


PS. I just read from forward email and just shared in my blog. Thanks Huilong(Hua Hua Gong Zi) he he.
Read more...

the day playing with myanmar font :)

အမေနှင့် ရွာကိုလွမ်းလိုက်တာ..
Read more...

Monday, July 14, 2008

Pre-Launch Singapore FireWork 2008

Wonderful!!! This movie was taken last night which it pre-launch of firework for Singapore National Day 2008.


Read more...

Monday, July 7, 2008

Simple SQL Table Join

I would like to share about the simple join in my web page. The page is very draft but I hope it will be a useful information for a beginner of T-SQL.

TABLE JOIN

Create Test Table

USE [TESTDB]
GO
/****** Object: Table [Test] Script Date: 07/08/2008 11:46:18 ******/
SET ANSI_NULLS ON
GO
SET QUOTED_IDENTIFIER ON
GO
SET ANSI_PADDING ON
GO
CREATE TABLE [Test](
[col1] [varchar](5) NULL,
[col2] [varchar](5) NULL,
[col3] [varchar](5) NULL
) ON [PRIMARY]

GO
SET ANSI_PADDING OFF


Create Test1 Table

USE [TESTDB]
GO
/****** Object: Table [Test1] Script Date: 07/08/2008 11:45:25 ******/
SET ANSI_NULLS ON
GO
SET QUOTED_IDENTIFIER ON
GO
SET ANSI_PADDING ON
GO
CREATE TABLE [Test1](
[ID] [varchar](5) NOT NULL,
[total] [smallint] NULL
) ON [PRIMARY]

GO
SET ANSI_PADDING OFF

GO
SELECT * FROM TEST

Result
===========================
col1 col2 col3
1 AA dd
2 bb ee
8 NULL NULL


GO
SELECT * FROM TEST1

Result
========================
ID total
1 100
2 200
6 150


INNER JOIN RESULT With Test and Test1 Tables
Return the rows from both tables which match the On clause condition

SELECT * FROM TEST1 a INNER JOIN TEST b on a.ID = b.col1

Result
=============================

ID total col1 col2 col3
1 100 1 AA dd
2 200 2 bb ee


LEFT JOIN RESULT

The result contain all rows from the left table and match rows from the right table.

SELECT * FROM TEST1 a LEFT JOIN TEST b on a.ID = b.col1

Result
=============================

ID total col1 col2 col3
1 100 1 AA dd
2 200 2 bb ee
6 150 NULL NULL NULL



RIGHT JOIN RESULT


The result contains all rows from the right table and match rows from the left table.

SELECT * FROM TEST1 a RIGHT JOIN TEST b on a.ID = b.col1

Result
=============================

ID total col1 col2 col3
1 100 1 AA dd
2 200 2 bb ee
NULL NULL 8 NULL NULL


LEFT OUTER JOIN RESULT

Same with left outer join.

SELECT * FROM TEST1 a LEFT OUTER JOIN TEST b on a.ID = b.col1

Result
=============================

ID total col1 col2 col3
1 100 1 AA dd
2 200 2 bb ee
6 150 NULL NULL NULL


RIGHT OUTER JOIN RESULT

Same with right join.

SELECT * FROM TEST1 a RIGHT OUTER JOIN TEST b on a.ID = b.col1

Result
=============================

ID total col1 col2 col3
1 100 1 AA dd
2 200 2 bb ee
NULL NULL 8 NULL NULL

FULL OUTER JOIN RESULT

The result contains all the rows from the left table and all the rows from the right table.

SELECT * FROM TEST1 a FULL OUTER JOIN TEST b on a.ID = b.col1

Result
=============================

ID total col1 col2 col3
1 100 1 AA dd
2 200 2 bb ee
6 150 NULL NULL NULL
NULL NULL 8 NULL NULL

CROSS JOIN RESULT

The result contains every row in first table is
joins with every row in second table without having any condition in the cross join.

SELECT * FROM TEST1 CROSS JOIN TEST

Result
=============================
ID total col1 col2 col3
1 100 1 AA dd
2 200 1 AA dd
6 150 1 AA dd
1 100 2 bb ee
2 200 2 bb ee
6 150 2 bb ee
1 100 8 NULL NULL
2 200 8 NULL NULL
6 150 8 NULL NULL
Read more...

Monday, January 21, 2008

APPLE MacBook Air




Wowed...!!! Apple Congratulation ...




Everything about MacBook Air has been streamlined. And then streamlined again. Except for the things that shouldn't be, starting with the full-size, backlit keyboard and 13.3-inch widescreen display. On the inside (yes, there's an inside), it boasts an


Features of MacBook Air are as follows.
1. Utrathin, utraportable
2. From a slimmer hard drive to strategically hidden I/O ports to a lower-profile battery
3. take full advantage of the wireless world, 802.11n Wi-Fi
4. built-in iSight Camera
5. 2GB of RAM built in
6. 1.6GHz or 1.8GHz Intel Core 2 Duo processor



Up to now, the price is $1799. Himmmmm... No money.. :D
Read more...
ကျွန်မ သိပ်ပြီး ဘလော့ မရေးတတ်ပါဘူး။ ရေးလည်း မရေးဖူးပါဘူး။ အကြောင်းအရာတွေက သိပ်မကောင်းပေ့မယ့် အားလုံးကို ဗဟုသုတရစေမဲ့ အကြောင်းအရာလေးတွေ ဖြစ်အောင် ရေးသားသွားဖို့ စိတ်ကူး၊ ကိုယ့်ရဲ့နေ့လေးတွေကို မှတ်တမ်းလည်း တင်ချင်တဲ့ စိတ်ကူးလေးလည်းပါပါတယ်။
 

blogger templates | Make Money Online