သီချင်းလေးထဲမှာ ကောင်လေးနဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ယောက်ခွဲခွာရလို့ ခံစားရတဲ့ သီချင်းလေးပါ။ ကျွန်မတော့ အရမ်းကြိုက်တယ်။ ချစ်တဲ့ သူတိုင်း ပေါင်းဖက်နိုင်ကြပါစေ။ သီချင်းလေး နာမည်က Droplets တဲ့။ အဆိုတော် Colbie Caillat နဲ့ Jason Reeves တို့ ဆိုထားတာပါ။
သီချင်းစာသားလေးပါ ကူးပေးထားတယ်နော်။ နားထောင်ကြည့်။ ကောင်းတယ်နော်။
Song - Droplets
I'm leaving you
I'm not sure if that’s what I should do
It hurts so bad
I'm wanting you but cant go back
Trying to find, to find
That all elusive piece of mind
Stuck here somehow
Shrouded beneath my fear
And now I don’t need it
Cuz I'm walkin down this road alone and figured all I'm thinking bout is you, is you my love
And my head is in a cloud of rain and the world it seems so far away and I'm just waiting for
The droplets, droplets
You left a mark
I wear it proudly on my chest
Above my heart Above my heart
To Remind me that I feel the best
When I'm with you When I'm with you
To me everything is effortless
You know its true
My eyes are painted with regret and I don’t need it
Cuz I'm walkin down this road alone and figured all I'm thinking bout is you, is you my love
And my head is in a cloud of rain and the world it seems so far away and I'm just waiting to fall and sink into your tears
You are like the raindrops, the raindrops falling down on me
You left a mark you left a mark
She left a mark he left
She left he left
And I don’t I don’t
Need it. Need it
Read more...
Friday, October 24, 2008
Wednesday, October 22, 2008
ဘလော့ပိုစ်များကို Read more ထည့်ပြီး ချုံခြင်း။
ကျွန်မရဲ့ဘလော့မှာ သူများဘလော့တွေလို Read more လေးထည့်လို့ ရရင်ကောင်းမယ်လို့ စိတ်ကူးပေါ်မိတယ်။ ဘာလို့လဲဆိုတော့ အရမ်းရှည်သွားတဲ့ ဘလော့ရဲ့ ပိုစ်တွေဆို ဘလော့ရဲ့ ပထမစာမျက်နှာမှာ သည်အကြောင်းအရာတစ်ခုတည်းနေရာယူနေတော့ ကျွန်မလည်း သည်စိတ်ကူးလေးပေါ်မိတယ်။ ကျွန်မ မြန်မာလို ဘာသာပြန်ထားတာပါ။ ကျွန်မလည်း မောင်ဂူဂဲလ်ကို အားကိုးပြီး ရှာဖွေပြီး စမ်းသပ်တော့ အဆင်ပြေသွားတာပါ။ ဒါပေမယ့် နည်းနည်းတော့ လိုနေသေးတယ်။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းလည်း စိတ်ဝင်စားရင် စမ်းသပ်ကြည့်လိုရတာပေါ့။
ပထမအဆင့်။ ။ သူငယ်ချင်းရဲ့ ဘလော့ကို username and password ထည့်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ ဘလော့ကိုရွေးပြီး Layout -> Edit HTML ကို အရင်ဆုံးသွားလိုက်ပါ။ ပြီးရင် ကိုယ့်ဘာသာ အရင် safe ယူထားတဲ့အနေနဲ့ လက်ရှိ ဘလော့ template ကို Download လုပ်ပြီး အရင်သိမ်းထားလိုက်ပါ။ ပြီးရင် သည်လေး နှစ်ခုကို ရှာကြည့်လိုက်ပါ။
အဲသည်ဟာကတော့ အောက်မှာပြထားတဲ့ tags ပါ။ ကျွန်မဘလော့မှာတော့ အဲသည်စာသားအတိုင်း ကိုတွေ့ပါတယ်။ အဲသည်ရဲ့ အနောက်မှာ သည်အောက်က တွေကို အောက်ဆုံးမှာပါတဲ့ ကျွန်မ Reference လုပ်ထားတဲ့ ဆိုဒ်မှာ ကော်ပီလုပ်မယ်။ ပြီးရင် ပေစ့်လုပ်ပါ။ ကွန်ပျူတာဝဘ်အပိုင်းလည်းမကျွမ်း အင်္ဂလိပ်လိုလည်း မဖတ်ချင်ရင် ကျွန်မပိုစ်ကို ဖတ်ပြီး လိုက်လုပ်ကြည့်ကြည်လိုက်ပါ။

နောက်ပြီး အောက်ဖော်ပြထားတဲ့အတိုင်း post.body နောက်မှာ တွေကို ရိုက်ထည့်ပေးပါ။

နောက်ဆုံး သူရဲ့ စာပိုဒ်ပုံစံက အောက်ပါအတိုင်းဖြစ်ရပါမယ်။ တွေရေးတဲ့အခါမှာ သတိထားဖို့အရေးကြီးပါတယ်။ မှားယွင်းသွားမယ်ဆိုရင် ဘလော့ကို သိမ်းလို့မရပါဘူး။ အနီရောင်ပြနေပါလိမ့်မယ်။

ဒုတိယအဆင့်။ ။ သည်အဆင့်မှာတော့ ကိုယ့်ဘလော့ပိုစ်တွေကို Default အနေနဲ့ Read More template ပုံစံလေးထည့်ပေးတဲ့ အပိုင်းပါ။ Tag Menu ဖြစ်တဲ့ Setting -> Formatting ကိုသွားလိုက်ပါ။ အဲသည်မှာ Post Template ဆိုတဲ့ စာလေးကို လိုက်ရှာပါ။ အဲသည် နေရာကို ရောက်ပြီဆို အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။ အဲဒါကတော့ နောက်ပိုင်း ကိုယ့် ပိုစ့်အသစ်ရေးမယ်ဆိုတိုင်း သူက အမြဲအဲသည်ပုံစံကို ပေးထားမယ်ဆိုပြီး ပုံစံထားတာပါ။

တတိယအဆင့်။ ။ ဘလော့မှာ Read More လေးထည့်ပြီး ပိုစ့် အသစ်တင်ကြည့်လို့ရပါပြီ။ အောက်မှာ နမူနာပုံစံရှိပါတယ်။ ကြည့်လိုက်ပါ။

အထက်ပုံစံအတိုင်း ပိုစ့်တင်လိုက်မယ်ဆိုရင် သည်လို ထွက်လာပါလိမ့်မယ်။

အဆင်ပြေရဲ့ လား။ ကျွန်မက သည်ဆိုဒ်ကို Reference လုပ်ြပီး ဘာသာပြန်ထားတာပါ။ သူရဲ့မကောင်းတဲ့အချက်က ကိုယ့်က Read More မတည့်ဘူ။ ဥပမာ ကိုယ့်ပိုစ်က တိုနေတယ်။ Read More မလိုဘူး။ ကိုယ်လည်း သူရဲ့ class ကို မသုံးထားပဲနဲ့ Read More ပိုစ့်တိုင်းမှာ ပေါ်နေပါတယ်။ သည်စာကို မတော်တဆဖတ်မိပြီး သိရင်လည်း ပြောပါအုန်းနော်။
Read more...
ပထမအဆင့်။ ။ သူငယ်ချင်းရဲ့ ဘလော့ကို username and password ထည့်ပြီး ဖွင့်လိုက်ပါ။ ပြီးရင် ကိုယ်ပြင်ချင်တဲ့ ဘလော့ကိုရွေးပြီး Layout -> Edit HTML ကို အရင်ဆုံးသွားလိုက်ပါ။ ပြီးရင် ကိုယ့်ဘာသာ အရင် safe ယူထားတဲ့အနေနဲ့ လက်ရှိ ဘလော့ template ကို Download လုပ်ပြီး အရင်သိမ်းထားလိုက်ပါ။ ပြီးရင် သည်
အဲသည်ဟာကတော့ အောက်မှာပြထားတဲ့ tags ပါ။ ကျွန်မဘလော့မှာတော့ အဲသည်စာသားအတိုင်း ကိုတွေ့ပါတယ်။ အဲသည်ရဲ့ အနောက်မှာ သည်အောက်က

နောက်ပြီး အောက်ဖော်ပြထားတဲ့အတိုင်း post.body နောက်မှာ

နောက်ဆုံး သူရဲ့ စာပိုဒ်ပုံစံက အောက်ပါအတိုင်းဖြစ်ရပါမယ်။

ဒုတိယအဆင့်။ ။ သည်အဆင့်မှာတော့ ကိုယ့်ဘလော့ပိုစ်တွေကို Default အနေနဲ့ Read More template ပုံစံလေးထည့်ပေးတဲ့ အပိုင်းပါ။ Tag Menu ဖြစ်တဲ့ Setting -> Formatting ကိုသွားလိုက်ပါ။ အဲသည်မှာ Post Template ဆိုတဲ့ စာလေးကို လိုက်ရှာပါ။ အဲသည် နေရာကို ရောက်ပြီဆို အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။ အဲဒါကတော့ နောက်ပိုင်း ကိုယ့် ပိုစ့်အသစ်ရေးမယ်ဆိုတိုင်း သူက အမြဲအဲသည်ပုံစံကို ပေးထားမယ်ဆိုပြီး ပုံစံထားတာပါ။

တတိယအဆင့်။ ။ ဘလော့မှာ Read More လေးထည့်ပြီး ပိုစ့် အသစ်တင်ကြည့်လို့ရပါပြီ။ အောက်မှာ နမူနာပုံစံရှိပါတယ်။ ကြည့်လိုက်ပါ။

အထက်ပုံစံအတိုင်း ပိုစ့်တင်လိုက်မယ်ဆိုရင် သည်လို ထွက်လာပါလိမ့်မယ်။

အဆင်ပြေရဲ့ လား။ ကျွန်မက သည်ဆိုဒ်ကို Reference လုပ်ြပီး ဘာသာပြန်ထားတာပါ။ သူရဲ့မကောင်းတဲ့အချက်က ကိုယ့်က Read More မတည့်ဘူ။ ဥပမာ ကိုယ့်ပိုစ်က တိုနေတယ်။ Read More မလိုဘူး။ ကိုယ်လည်း သူရဲ့ class ကို မသုံးထားပဲနဲ့ Read More ပိုစ့်တိုင်းမှာ ပေါ်နေပါတယ်။ သည်စာကို မတော်တဆဖတ်မိပြီး သိရင်လည်း ပြောပါအုန်းနော်။
Read more...
Labels:
General Knowledge,
IT,
ွှု
Tuesday, October 21, 2008
ပေါ့ပေါ့ ပါးပါး ရယ်စရာ
တနေ့ လူငယ်ကလေးများဟာ သူတို့ကျောင်းရဲ့လေ့လာရေး ခရီးတခုအနေနဲ့ ဒေသမှာရှိတဲ့ ရဲစခန်းတစ်ခုကို သွားရောက်ရတယ်။
အဲသည်လေ့လာရေးကွင်းဆင်းထဲက အငယ်ဆုံး သူငယ်လေးက ရဲသားကြီးကို မေးသတဲ့။
ဦးလေး ရဲကြီးခင်ဗျာ သည်နံရံမှာ ကပ်ထားတဲ့ လူတွေက တကယ့်ကို အလိုရှိတဲ့ လူဆိုးကြီးတွေ့ ရဲ့ ဓာတ်ပုံလားခင်ဗျာလို့ မေးသတဲ့။
ရဲသားကြီး … ဟုတ်ပါ့ ငါ့တူလေးရ။ တကယ့်ကို ဦးဦးတို့ ရဲစခန်းက အလိုရှိနေတဲ့ လူတွေကွ။
အဲသည်အခါမှာ လူငယ်တစ်ယောက်က ရုတ်တရက် ၀င်မေးလိုက်တာပေါ့။
လူငယ်… အဲဒါဆို ဦးလေးအဲသည်လူတွေကို ဓာတ်ပုံရိုက်တုန်းက ဘာလို့ မဖမ်းထားတာတုန်းတဲ့။
း-) ဟုတ်ပ။

Jokes
သူတို့အဖွဲ့နှင့် အတူ Southern Ridges သို့ လမ်းလျောက်သော နေ့
ကျွန်မနဲ့သူ မနက် (၆)နာရီလောက်ခန့် စောစောထ ကော်ဖီလေး ဘာလေးသောက်ပြီး အိမ်က စထွက်ခဲ့ကြတယ်။ နောက်တော့ ရထားစီးပြီး Habourfront MRT မှာ သူတို့ လူစုကြပြီး၊ စုရပ်ကနေ မနက် ၈း၃၀ လောက် သူတို့ စီစဉ်ထားတဲ့ ကားစီးပြီး ထွက်လာခဲ့ ကြပါတယ်။ လမ်းစလျောက်တဲ့ နေရာကတော့ Southern Ridges ပါ။ သူတို့ အစီအစဉ်အရ Southern Ridges ရဲ့ Alexender Arch ကနေပြီး စထွက်တာပါ။

ပြီးတော့ Henderson Waves ကို အဖွဲ့ ဆက်လျောက်ကြတယ်။

ပျော်စရာတော့ အရမ်းကောင်းပါတယ်။ လူတွေ အသီးသီး လမ်းလျောက်တဲ့လူ ၊ ပြေးတဲ့လူပေါ့။

ကျွန်မကတော့ မောလိုက် ရေသောက်လိုက် မုန့်စားလိုက်။ သူကြီးကို complain တတ်လိုက်၊ ရေသောက်ချင်တယ်။ မုန့်စားချင်တယ်။ လက်ထက်ပြီးစဆိုတော့ သူကြီးက အလိုလိုက်ရှာပါတယ်။
ပြီးတော့ Faber Mt ကို ဆက်တတ်ကြတယ်။

နောက်တဖြည်းဖြည်းနဲ့ Forest Walk ကို လျောက်တယ်။ အဲသည်မှာ လှေကားအဆင်းတွေများတယ်။ ဒူးတွေကို ညောင်းနေတာပဲ။ နောက်တော့ Habourfront MRT ကိုရောက်တော့ အဖွဲ့တွေက ဗိုက်ဆာတယ်ဆိုပြီး ရုံးစရိတ်နဲ့ ၀ါးတီးဖွင့်ကြတယ်။ Singapore မှာကတော့ တပတ် တပတ်အကုန်မြန်သလိုပဲ။ ရက်တပတ်ရဲ့ နေ့တနေ့မှာ အဖွဲ့လိုက်စုပြီးလမ်းလျောက်ကြတော့ ပျော်စရာတော့ ကောင်းပါတယ်။ သူငယ်ချင်းတွေစုပြီး သွားသင့်တဲ့နေရာလေးပါ။ စရိတ်လည်းမကုန် သိပ်လည်း အပန်းမကြီးလှပါဘူး။ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ သည်မှာက စုစည်းထားတဲ့ ဓာတ်ပုံလေးတွေပါ။

Singapore
Sunday, September 28, 2008
F1 အကြောင်းသိကောင်းစရာ
Singapore Grand Prix ဆိုတာ Formula One ကားပြိုင်ပွဲဖြစ်ပြီး စင်္ကာပူနိုင်ငံမှာ ၂၈ ရက် စက်တင်ဘာ ၂၀၀၈ မှာဖွင့်လှစ်တာဖြစ်ပါတယ်။ ကားပတ်လမ်းမှာ စင်္ကာပူ Marina Bay တလျောက်ဖြစ်ပြီး ပထမဦးဆုံး ညဘက်မှာပြုလုပ်တဲ့ ကားပြိုင်ပွဲလည်းဖြစ်ပါတယ်။ သူရဲ့ ပြေးလမ်းကြောင်းကတော့ မြွေလိမ်မြွေကောက်ပါပဲ။ သည်းထိတ်ယဉ်ဖိုပါ။ ပြိုင်ပွဲရဲ့ ပြေးလမ်း ပတ်လမ်းကြောင်းမှာ ၅.၀၆၇ ကီလိုမီတာ ဖြစ်ပြီး အပတ်ပေါင်း (၆၁) ပတ်၊ အားလုံးပေါင်း လမ်းအရှည် ၃၀၉.၀၈၇ ကီလိုမီတာဖြစ်ပါတယ်။
သည်လို Formula One ပြိုင်ပွဲ မပေါ်ပေါက်ခင် စင်္ကာပူမှာ ၁၉၆၀ နှင့် ၁၉၇၀ တို့မှာ Formula Libre ပြိုင်ပွဲဆိုပြီး Thomson Road ကားပတ်လမ်းအဖြစ် အသုံးပြု ယှဉ်ပြိုင်ခဲ့ကြသေးတယ်။ ပထမဆုံးပေါ်ပေါက်လာပုံ သူရဲ့ History လေးက ဒီလိုပါ။ ပထမဦးဆုံး စတင်ပြီးဖြစ်ပေါ်လာခဲတာကတော့ ၁၉၆၁ ခုနှစ်မှာ Orient Year Grand Prix ပြိုင်ပွဲရယ်လို့ စတင်ခဲ့တာပါ။ နောက်ပိုင်းမှာ တော့ ပြိုင်ပွဲနာမည်ကို Malaysian Grand Prix ရယ်လို့ ပြောင်းလဲ ခေါ်တွင်လာခဲ့တယ်။
၁၉၆၅ ခု စင်္ကာပူနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်းမျာမှာတော့ Singapore Grand Prix ပြိုင်ပွဲရယ်လို့ Thomson Road ကို ပတ်လမ်းအဖြစ်သုံးပြီး ကျင်းပခဲ့ပါသေးတယ်။ ၁၉၇၃ ခုနောက်ပိုင်းမှာ ပြိုင်ပွဲကို ဆက်လက်ပြီး မကျင်းပဖြစ်တော့ပါဘူး။ အကြောင်းကတော့ မီးပွိုင့်တွေ များပြားလာမှု၊ ပြိုင်ပွဲလုပ်တော့မယ်ဆို ပိတ်ဆို့တားဆီးရမဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် သေဆုံးမှု အက်ဆီးဒင့်တွေကြောင့် ဆက်လက်မကျင်းပဖြစ်ကြဘူး။
စင်္ကာပူနိုင်ငံက ၁၅ ကြိမ်မြောက် F1 ပြိုင်ပွဲ အိမ်ရှင်နိုင်ငံအဖြစ် ၂၀၀၈မှာ FIA ကနေ ကျင်းပခွင့်ရရှိခဲ့တယ်။ သည် F1 ကားပြိုင်ပွဲဟာ သူရဲ့ နောက်ကြောင်းရာဇ၀င်မှာ ပထမဆုံး ညဘက်ကျင်းပတဲ့ပွဲလည်းဖြစ်ပါတယ်။ ညဘက်လုပ်တယ်ဆိုတာကလည်း တကယ့်လိုက်ရှိုး ထုတ်လွှင့်ချိန်ဟာ Europ TV ပရိတ်သတ်အတွက် အားပေးလို့ အဆင်ပြေတဲ့ အချိန်လေးဖြစ်နေပါတယ်။ သည်ပြိုင်ပွဲကို စင်္ကာပူနိုင်ငံရဲ TeleCom Company ဖြစ်တဲ့ SingTel က စပွန်ဆာပေးလို့ FORMULA 1 SingTel Singapore Grand Prix လို့ လည်းအမည်တွင်ပါတယ်။ စင်္ကာပူ အစိုးရက ဘေအားလုံးရဲ့ ၆၀% မတည်ငွေအဖြစ် စတင်ပေးပါတယ်။ လက်မှတ်အရေအတွက်ကလည်း တသိန်းကျော်ပါတယ်။ သည်နေ့ ၂၈ စက်တင်ဘာနော်။ ကျွန်မ တချက် on line sale ကို ကြည့်လိုက်တော့ နေရာပေါင်း နယ်မြေ(၈)နေရာ အားလုံးက မရနိုင်တော့ပါဘူးပဲ၊ တန်ဖိုးကတော့ အစားစားပါပဲ။ City Hall လို နေရာမျိုးမှာတောင် ၂၀၀ ကျော် ၃၀၀ နီးပါး စင်္ကာပူဒေါ်လာလောက်ရှိပါတယ်။ သိပ်ဗျူးမကောင်းပါဘူး။ အကွေ့နားမှာပါ။ ဗျူးကောင်းတဲ့နေရာတွေဆို ထောင်ကျော်တန်ပါတယ်။ စင်္ကာပူက ဟော်တယ်တွေတော်တော်လေး အလုပ်ဖြစ်သွားကြပါတယ်။ Visitor တွေတော့ Night Safri တို့ ကျွဲလေးနွားလေး ပြတာတို့၊ Jurong Bird Park လို့ ကြော်ငြာကောင်းကောင်းများဟာ တကယ့်သွားကြည့်တာထက်ပို့ကောင်းတာကြောင့် လူတွေကို သေချာပေါက်ကြည့်ဖြစ်ဖို့ ဖမ်းစားမှာသေချာပါ။ ၀င်ငွေတော်တော်လေး အိုကေမှာပါ။ မလေးရှားက ဟော်တယ်များလည်း အလုပ်ဖြစ်ပါတယ်။ ၂၇ စက်တင်ဘာ ၂၀၀၈ မနေ့ကတော့ Felipe Massa က ကွာလီဖိုင်းမှာ ဗိုလ်စွဲခဲ့တယ်လို့ ကြားတယ်။ ကျွန်မတော့ မကြည့်ဖြစ်ပါဘူး။ ကျွန်မရဲ့ အိမ်သူကြီးက ပြောပြတာ။ သူတို့ Company က Forklift တွေကို အစီး(၂၀) အကူအညီပေးပြီး ဆော်ပလော်ကွီသွားတဲ့ကားတွေကို အကူအညီပေး သယ်ပေးဖို့ပါ။ ကျွန်မလည်း လိုက်ချင်လို့မေးကြည့်သေးတယ်။ ရဘူးတဲ့။ သူက လုံခြုံရေး အရမ်းတင်းကြပ်တယ်တဲ့။ ကိုယ့် Service Security Card နဲ့ တစ်ယောက်ပဲ ၀င်ရတာတဲ့။ ၀ယ်ပြီးလည်း ကြည့်ရမှာ နှမြောသား။ နှစ်ရာကျော်ဆို ဆံပင်လေးဘာလေး သွားပြီး ဖြောင့်တာတို့ treatment တို့ပဲလုပ်ပြစ်လိုက်ချင်တယ်။ အ၀တ်အစားပဲ လှတာလေး ပြေးဝယ်လိုက်ရင်ကောင်းသား။ သည်နေ့လည်း TV ကပဲ ကြည့်မှာပေါ့နော့်။ ဟီး။ ကျွန်မ သည်အကြောင်းအရာလေးကို ၀ီကီကနေ ဘာသာပြန်ထားတာပါ။ သူများလိုလည်း ဘလော့ချင်တယ်။ ရေးလည်း မရေးတတ်။ ဗဟုသုတကလည်း သိပ်ကြီးကြွယ်လှတယ် မဟုတ်တော့။ ရှာဖွေကြိုးစားထားတာ။ ဖတ်တဲ့လူလည်း ရှိပုံမရလည်း ၀ါသနာအရပါ။ မှားတာလေးတွေပါရင် နားလည်ပေးပါ။

Tuesday, September 23, 2008
အမေထံသို့ တမ်းချင်း

အမေ..နေကောင်းရဲ့လား။ သမီးနဲ့သမီးခင်ပွန်း နေကောင်းပါတယ်။ သမီး သည်မှာ မိုးလေးဖွဲဖွဲလေးရွာရင်လေ မြန်မာပြည်က အမေကို သိပ်သတိရတာပဲ။ သမီး အသက် (၃၀) ကျော်ပြီအမေ။ ဒါပေမယ့် အမေနဲ့ ဖုန်းပြောရင်လေ အမေက သမီးရယ် အခုတလော သမီးလေးကို သိပ်သတိရတာပဲဆို သမီး အသံတွေက အလိုလိုဝမ်းနည်းပြီး တုန်လာတယ်အမေ။ သမီးမျက်ဝန်းမှာလည်း မျက်ရည်တွေ ၀ဲလာမိတယ်။ အသက်(၃၀)အထိ အမေနဲ့တူတူနေလာခဲ့တာ အမေလို့ ရင့်ကျက်နေတဲ့ အမျိုးသမီးတောင် သည်လောက်တောင်လွမ်းရင်လေ အမေ သမီးက ပိုဆိုးတာပေါ့။ အရမ်းလွမ်းတာပဲ။ အမေ အသံကြားရင် အမေကို သိပ်သနားတာပဲ။ သြော် သမီးကို ကြီးပြင်းလာတဲ့အထိ ကလေးလို ကျွေးမွေးပြီး လိုလိုသေးမရှိထားခဲ့တဲ့သမီး သမီး စင်္ကာပူမှာ ကျောင်းတတ်ခွင့်ရတာတောင် သွားမတတ်စေချင်ခဲ့ဘူးနော်။ သမီးရဲ့ ဖြစ်ချင်လွန်းတဲ့ဆန´ ကို တားမရတဲ့အဆုံးလိုက်လျောပေးခဲ့တာကိုလည်း သမီးမမေ့ဘူး..အမေ။
သမီးအခု အိမ်ထောင်ကျနေတာတောင် အမေက ကလေးလို့ ထင်နေတုန်းနော်။ သမီးကို စိတ်မချဖြစ်တုန်း ။ ရေချိုးတာ ဂရုစိုက်ဖို့ ကျန်းမာအောင်နေဖို့။ ဆေးသောက် မပျင်းဖို့ ။ သမီးက အမေအတွက် စိတ်ပူတာပါ အမေ။ အမေက အသက်ကြီးပြီလေ။ နှလုံးရောဂါနဲ့လေ။ အမေ ကိုယ့်ကို ကိုယ့်ဂရုစိုက်ပါနော်။ အမေကို လုပ်ကြွေးခွင့်ရလို့ သမီးစိတ်မှာ ခွဲနေရပေမဲ့ ဖြေသာခဲ့ရတယ်။ သမီးသိပါတယ် အမေလိုတာက ငွေကြေးမဟုတ်ပါဘူး..သမီးကို အမေ မျက်စိအောက်မှာထားပြီး ကြည့်ချင်တာမဟုတ်လား။ သမီးလေ အရမ်းပြန်လာချင်ပါတယ်။ သည်လဆို သမီး လက်ရှိအလုပ်ပြည့်ပြီ အမေ။ နောက်အလုပ်မသွားခင် နားခွင့်ရပြီ။ သမီးအမေဆီ ပြန်လာချင်လိုက်တာ။ အိမ်ထောင်သည်ဖြစ်လာပြီဆိုတော့ သမီးက အရာရာကို ချင့်ချိန်နေရပြီ။ သမီးကို သူက နားလည်ခွင့်ပြုပါတယ်။ အမေကို သမီး အလုပ်ခဏနားမယ် အကြောင်း ဖုန်းကတဆင့် ပြောတုန်းကဆို သမီးရယ် အမေ အခုတလော သမီးကို အရမ်းလွမ်းတာပဲတဲ့လား အမေရယ်။ တပတ် ဆယ်ရက်ပြန်လာခဲ့ပါသမီးရယ်ဆိုတဲ့ အမေအသံကို ကြားတော့ သမီးအရမ်းသနားတာပဲ အမေရယ်။ သမီးလည်း ပြန်လာချင်ပါတယ်။ သမီးရယ် အမေအတွက် ကြိုးစားပေးပါတဲ့။ အမေရယ် သမီးက ဘယ်လိုစိတ်မျိုးနဲ့ မပြန်ဘဲနေနိုင်တော့မှာလဲ။ သမီးရယ် သမီးနောက်အလုပ်မလုပ်ခင် အချိန်လေးမှာ အမေ့အတွက်ကြိုးစားပြီး မြန်မာပြည်ကို ခဏ အလည်ပြန်လာခဲ့ပါလား ဆိုတဲ့ အမေရဲ့ သနားစရာကောင်းတဲ့ သမီးကို အရမ်းလွမ်းဆွတ်နေတဲ့ အသံကို သမီးရဲ့ အသည်းနှလုံးထဲမှာ ဘယ်လိုမှ ခံနိုင်ရည်မရှိဘူး အမေ။ ဖုန်းပြောရင်း သမီးအသံတွေတုန်လာပြီး မျက်ရည်ဝိုင်းနေပြီ အမေ။ အခု သမီးငိုနေတယ်။ အမေကိုတော့ သမီးငိုသံ မကြားစေချင်ပါဘူး။ အမေ ၀မ်းနည်းမှာကို သမီးမလိုလားဘူးအမေ။ သမီး အမေအတွက် ပြန်လာခဲ့ပါမယ် …အမေ။ အမေ သိပ်ချစ်တယ် အမေ။
Read more...
Labels:
Mother
Subscribe to:
Posts (Atom)
ကျွန်မ သိပ်ပြီး ဘလော့ မရေးတတ်ပါဘူး။ ရေးလည်း မရေးဖူးပါဘူး။ အကြောင်းအရာတွေက သိပ်မကောင်းပေ့မယ့် အားလုံးကို ဗဟုသုတရစေမဲ့ အကြောင်းအရာလေးတွေ ဖြစ်အောင် ရေးသားသွားဖို့ စိတ်ကူး၊ ကိုယ့်ရဲ့နေ့လေးတွေကို မှတ်တမ်းလည်း တင်ချင်တဲ့ စိတ်ကူးလေးလည်းပါပါတယ်။