Showing posts with label Singapore. Show all posts
Showing posts with label Singapore. Show all posts

Tuesday, October 21, 2008

သူတို့အဖွဲ့နှင့် အတူ Southern Ridges သို့ လမ်းလျောက်သော နေ့

ကျွန်မနဲ့သူ မနက် (၆)နာရီလောက်ခန့် စောစောထ ကော်ဖီလေး ဘာလေးသောက်ပြီး အိမ်က စထွက်ခဲ့ကြတယ်။ နောက်တော့ ရထားစီးပြီး Habourfront MRT မှာ သူတို့ လူစုကြပြီး၊ စုရပ်ကနေ မနက် ၈း၃၀ လောက် သူတို့ စီစဉ်ထားတဲ့ ကားစီးပြီး ထွက်လာခဲ့ ကြပါတယ်။ လမ်းစလျောက်တဲ့ နေရာကတော့ Southern Ridges ပါ။ သူတို့ အစီအစဉ်အရ Southern Ridges ရဲ့ Alexender Arch ကနေပြီး စထွက်တာပါ။







ပြီးတော့ Henderson Waves ကို အဖွဲ့ ဆက်လျောက်ကြတယ်။





ပျော်စရာတော့ အရမ်းကောင်းပါတယ်။ လူတွေ အသီးသီး လမ်းလျောက်တဲ့လူ ၊ ပြေးတဲ့လူပေါ့။

ကျွန်မကတော့ မောလိုက် ရေသောက်လိုက် မုန့်စားလိုက်။ သူကြီးကို complain တတ်လိုက်၊ ရေသောက်ချင်တယ်။ မုန့်စားချင်တယ်။ လက်ထက်ပြီးစဆိုတော့ သူကြီးက အလိုလိုက်ရှာပါတယ်။

ပြီးတော့ Faber Mt ကို ဆက်တတ်ကြတယ်။

နောက်တဖြည်းဖြည်းနဲ့ Forest Walk ကို လျောက်တယ်။ အဲသည်မှာ လှေကားအဆင်းတွေများတယ်။ ဒူးတွေကို ညောင်းနေတာပဲ။ နောက်တော့ Habourfront MRT ကိုရောက်တော့ အဖွဲ့တွေက ဗိုက်ဆာတယ်ဆိုပြီး ရုံးစရိတ်နဲ့ ၀ါးတီးဖွင့်ကြတယ်။ Singapore မှာကတော့ တပတ် တပတ်အကုန်မြန်သလိုပဲ။ ရက်တပတ်ရဲ့ နေ့တနေ့မှာ အဖွဲ့လိုက်စုပြီးလမ်းလျောက်ကြတော့ ပျော်စရာတော့ ကောင်းပါတယ်။ သူငယ်ချင်းတွေစုပြီး သွားသင့်တဲ့နေရာလေးပါ။ စရိတ်လည်းမကုန် သိပ်လည်း အပန်းမကြီးလှပါဘူး။ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပါတယ်။ သည်မှာက စုစည်းထားတဲ့ ဓာတ်ပုံလေးတွေပါ။




Read more...

Saturday, September 13, 2008

Memorial of Botanic Garden, Singapore

ကျွန်မတို့ရဲ့ဆွေမျိုး မိတ်သင်္ဂဟများ စင်္ကာပူကိုလာရောက်လည်ပတ်မယ်ဆိုရင်လေ လှလည်းလှ မိသားစုအပန်းဖြေလို့လည်းကောင်း၊ ၀င်ကြေးဈေးနှုန်းလည်း ချိုသာတဲ့ စင်္ကာပူရဲ့သစ်ခွဥယျာဉ်လေးကို လက်ညှိုးထိုးပြရမှာပါပဲရှင်။ အဲဒီ သစ်ခွဥယျာဉ်လေးက Botanic Garden နဲ့ဆက်စပ်ပြီးရှိပါတယ်။ Botanic Garden တနေတာ ဖွင့်ချိန် ပိတ်ချိန် တွေက မနက် ၅ နာရီ မှ ည ၁၂ နာရီထိ ဖြစ်ပြီး ၀င်ကြေးက ပေးစရာမလိုပါဘူးရှင့်။ နေရာကျယ်ဝန်းပြီး မိသားစုအပန်းဖြေလိုလည်းကောင်းတဲ့ နေရာလေးတခုလို့ ကျွန်မတော့ မှတ်ချက်ပေးချင်ပါတယ်ရှင်။ Orchid Garden အတွက်ကတော့ မနက် ၈း၃၀ မှ ည ၇း၀၀ နာရီအထိ နေ့စဉ်ဖွင့်လှစ်ပြီး ၀င်ကြေးအနေနဲ့ လူကြီး စင်္ကာပူငွေ ၅ ဒေါ်လာ၊ ကလေး ဆို ၁ ဒေါ်လာဖြစ်ပါတယ်ရှင့်။ ကားနဲ့သွားမယ်ဆိုရင် ၇၊ ၁၀၅၊ ၁၂၃၊ ၁၇၄၊ ၇၅၊ ၇၇၊ ၁၀၆ နံပါတ်များ စီးနိုင်ပြီး Botanic Garden Opposite မှတ်တိုင်မှာ ဆင်းပြီး ကားလမ်းကူးတာနဲ့ ရောက်ပါတယ်ရှင်။ ကျွန်မနဲ့ ကျွန်မရဲ့အမျိုးသားသွားတုန်းကတော့ ရထားနဲ့ Somerset ဘူတာကိုစီး ကားနံပါတ် ၇၇ ကို စီးပြီးသွားလိုက်တာပါပဲ။ သိပ်ပြီးသာယာတဲ့အပြင် သစ်ခွပန်းတွေကလည်း အရမ်းလှတာပါပဲ။ ကျွန်မတို့နှစ်ယောက် ဓာတ်ပုံတွေရိုက်လာတာ အများကြီးပဲ။ သူငယ်ချင်းလည်း မရောက်ဖူး ရင် သွားလည်ဖြစ်အောင် လည်လိုက်ဦးနော်။ ဒီဟာလေးက ကျွန်မတို့ရိုက်ခဲ့တာလေးတွေပါ။

Read more...

Monday, September 1, 2008

စင်္ကာပူမှာ PR လျောက်ချင်ရင် ချိန်းလိုရပြီ်

အခု သူငယ်ချင်းတစ်ယောက်က PR လျောက်မလို့ပြင်ဆင်နေတော့ ကိုယ့်က ဘာတွေညာတွေလိုတယ်။ ဘာညာ မသိမသာ သိသိသာသာ ဆရာလုပ်ရင်း ICA site ကို ၀င်ကြည့်လိုက်တော့လေ သူက ကြိုတင်ပြီး online က e-appointment လုပ်ပြီးသွားလို့ ရတယ်ရှင့်။ အချိန်ကုန်သက်သာ လူသက်သာလိုက်တာ။ တော်လိုက်တဲ့ ကောင်းလိုက်တဲ့ Idea။ သူငယ်ချင်းလည်း ချိန်းချင်ရင် သည်ကို နှိပ်လိုက်ပေါ့။
Read more...

အမှတ်တရ စင်္ကာပူ မှလျော့ဈေး အတွေ့အကြုံမျှဝေခံစားခြင်း

ကျွန်မတို့ တပြည်တရွာရောက် လူဆင်းရဲသားများ အနေကတော့ ဘယ်နေရာမှာ ဘာပစည်းများ လျော့ပေးမလဲ။ ဘယ်လောက်လျော့လဲဆိုတာ သိတာနဲ့ အချင်းချင်းလက်တို့ ပြေးဝယ်ကြတာနော်။ ကျွန်မတို့တင် မဟုတ်ဘူးနော်။ သူတို့ စင်္ကာပူသားတွေများ လျော့နေပြီဆိုလို့ကတော့ လာထား။ မိုးအလင်း သွားစောင့်နေတာ။ အံ့မယ် အိပ်ရာခင်း စားစရာအပြည့်အစုံနဲ့ ပျော်ပွဲစားထွက်လားတောင် ထင်ရတာ။ ပထမဆုံး ဖောက်သည် ၅၀ ဦးတို့ ဘာတို့ ညာတို့ဆို ကိုယ်တွေ ၀ီရီယက သူတို့ကို မမှီဘူးရှင့်။ အင်း..တောသားမြို့ရောက် စစတုန်းက ဆို လျှော့သည်ဆို ကျွန်မက တန်တယ်ထင်မိတာပဲလေ်။ အံ့မယ် သည်နေ့ နောက်ဆုံးဆိုပဲ။ အလုအယက် ရွေးလိုက်ရတာ။ လူအုပ်များတာကို အတင်းတိုးကြည့်။ အတင်း ပုံပုံကြီးကို ဖွ။ လှတာလေးကိုရွေး ၀ယ်လိုက်တာပဲ။ အင်း…တကယ့်တော့ ဈေးကွက်ခေါ်ခြင်းသာဖြစ်သည်။ နောက်နေ့လည်း သည်လိုပဲ လျှော့နေတုန်းပဲ သိလား..လူဆိုး..။ နောက်တော့မှ တဖြည်းဖြည်း စင်္ကာပူရဲ့ ဈေးလျော့ခြင်းအမျိုးမျိုး ဈေးကွက်ကို သိလာတော့ ကိုယ်က လိုအပ်မှသာ ဈေးလည်းလျော့မှသာ ၀ယ်သုံးဖြစ်တော့သည်။ နောက်ကျွန်မ စင်္ကာပူမှာကျောင်းတတ်တုန်း ကျောင်းပိတ်ရက် အချိန်ပိုင်း ဈေးရောင်းတယ်။ သူတို့မှာ Sale ရှိတယ်ဆိုတဲ့ နေရာတွေမှာ လိုက်ရောင်းရတာ။ BHG Sale တို့ဘာတို့ပေါ့။ အဲ..အဲဒီမှာ ခေါင်းအုံး။ မွေ့ယာအခင်း အစုံလိုက်၊ ဖက်ခေါင်းအုံးတို့ဘာတို့ ရောင်းတဲ့ ပျံကျဆိုင်လေးရှိတယ်။ အဲသည်ဆိုင်ကလေ ညနေ ၇ နာရီလောက်ဆိုတာနဲ့ တရုတ်ကြီးတယောက်က one Hour Sale/ Hourly Sale ဆိုပဲ။ အဲဒီ တစ်နာရီသာ လျော့ဈေးဆိုတဲ့ ဆိုင်းဘုတ်ကြီး ထောင်ထောင်ပြီး အော်ပြီးရောင်းလိုက်တာ။ ည ၉ နာရီမှ နားတော့တယ်။ ပထမဆုံးစကြားမိတဲ့နေ့ဆို ကျွန်မလည်း ကိုယ့်နဲ့တွဲရောင်းတဲ့ကောင်မလေးကို ခွင့်တောင်းပြီး အပြေးသွားလိုက်သေးတာ။ ဟွန်း ဈေးက တူတူကြီးများ။ ပြီးတော့ နေ့တိုင်း နောက်ဆုံး တစ်နာရီလျော့ဈေး ညနေဆိုအော်တော့တာပဲ။ နောက်ပိုင်း အဲလိုရောင်းတာတွေတွေ့ရင် ကိုယ့်အတွေ့အကြုံလေးကို ပြန်အောက်မေ့ပြီး ပြုံးမိတယ်။ တခါတလေများ တော်တော်လေး တန်တာလေးတွေ ရတတ်ပါတယ်။ သို့သော် သိပ်မထူးပါဘူး။ ကျွန်မ မိတ်ဆွေတစ်ယောက် IT Show မှာ လျှော့ဈေးနဲ့ ကင်မရာ တလုံးဝယ်လာတယ်။ တခြား Court (Funan Digital Mall) မှာလည်း အဲဒီဈေးပါပဲ။ အဲဒါကြောင့် နောက်ပိုင်းဆို လျှော့ဈေးဆိုလည်း ကိုယ်လည်း အမှန်တကယ် အသုံးဝင်မယ် အသုံးပြုမယ် ဈေးကလည်း အမှန်တယ်လျော့တယ် ဆိုမှပဲ ၀ယ်ဖြစ်တော့တယ်။ တခါတလေလည်း မလျော့ဘူး ကိုယ်ဘက်က အမှန်လိုအပ်လို့ ၀ယ်လိုက်ရတာတွေလည်း အများကြီးပါပဲ။ တခါတလေတော့လည်း တော်တော်လေးလျော့တယ် တကယ်ကိုလျော့တာ အဲလိုမျိုးဆို ကျွန်မတို့က အရောက်နောက်ကျတယ်။ စင်္ကာပူသားတွေများ လျင်ချက်။ ကျွန်မလည်း သူများရေးတာကို အားကျပြီး မရှိမဲ့ရှိမဲ့အတွေ့အကြုံလေးကို ရေးလိုက်တာပါ။ ကျွန်မရဲ့ စင်္ကာပူရဲ့ လျော့ဈေး အတွေ့အကြုံလေးပါ။ အမှားပါရင် နားလည်ပေးပါနော်။
Read more...

Monday, July 14, 2008

Pre-Launch Singapore FireWork 2008

Wonderful!!! This movie was taken last night which it pre-launch of firework for Singapore National Day 2008.


Read more...
ကျွန်မ သိပ်ပြီး ဘလော့ မရေးတတ်ပါဘူး။ ရေးလည်း မရေးဖူးပါဘူး။ အကြောင်းအရာတွေက သိပ်မကောင်းပေ့မယ့် အားလုံးကို ဗဟုသုတရစေမဲ့ အကြောင်းအရာလေးတွေ ဖြစ်အောင် ရေးသားသွားဖို့ စိတ်ကူး၊ ကိုယ့်ရဲ့နေ့လေးတွေကို မှတ်တမ်းလည်း တင်ချင်တဲ့ စိတ်ကူးလေးလည်းပါပါတယ်။
 

blogger templates | Make Money Online